ကျွန်တော် ဘ၀ မှာ သူများအကြောင်း ပြောနေတာထက် နှုတ်ပိတ်ပြီး မသိချင်ယောင် ဆောင်နေတဲ့အချိန်က ပိုများတယ်ဗျ။ (ဒီနေရာမှာတော့ အကုန်ချရေး ပြီ။ :P ဘာလို့လဲဆိုတော့ အဲ့တာတွေကို အမြဲတမ်းခေါင်းထဲ မှာ သိမ်းမထားနိုင်ဘူးလေ …) အဲ့ဒီ ထဲကမှ ကျွန်တော် မှတ်မှတ်ရရ ဆိုရင် ကျွန်တော် ဆယ်တန်းတုန်းက ကျူရှင်မှာ Guide သင်ရတယ်ဗျ...Guide သင်တာက တစ်ရောက်ထဲတော့ မဟုတ်ဘူးဗျ....သုံးရောက် တူတူသင်ရတာ ကျွန်တော်ရယ် နောက် မောင်နှမနှစ်ယောက်ရယ်။ အဲ့တုန်းက Guide ဆရာမက မြန်မာစာ အပုဒ်ရှည်တွေ ပြန်နွေးခိုင်းနေတာ....အမှန်တော့ အိမ်ကနေ ကျက်လာခိုင်းတာ …..ကျွန်တော်က သိတောင်မသိဘူး :P အဲ့တော့မှ ကျက်တာပေါ့ …. ကျွန်တော်ကျက်နေတုန်းမှာ ဟိုမောင်နှမနှစ်ယောက် ကတစ်ပုဒ်ပြီး တစ်ပုဒ်ဆိုရော....အမှန်တော့ သူတို့ကစာဆိုနေတာမဟုဆတ်ဘူးဗျ စာကြည့် ဖတ်နေတာ....ဆရာကပေးထားတဲ့ မြန်မာစာ အပုဒ်ရှည် စာရွက်တွေကို Guide ဆရာမ မလာခင် မောင်နှမနှစ်ယောက် အသည်းအသန် ပြေးပြီး မိတ္တူဆွဲ ဆရာမဆီမှာ ပြန်လည်းဆိုရော ဆရာမကိုတစ်ရွက်ပေး သူတို့က တစ်ရွက် ကြည့် ပြီးဆိုတာပေါ့ ဆရာမ ကလည်း စာမေးတဲ့ အချိန်တောင် FaceBook သုံးနေတော့ ပြီးရော ပေါ့ ….ကျွန်တော်လည်းဆိုရော အထစ်အထစ်နဲ့ :P ပြီးတော့ ကျွန်တော်က ရောလည်းမချတော့ ဆရာမ အမြင်မှာတော့ ကျွန်တော်က အညံဆုံးပေါ့ ဟိုမောင်နှမနှစ်ယောက် ကိုထောင်လိုက်ရင်ရ ပင်မဲ့ အကျင့် ကိုက သူများကိစ္စ ၀င်မပါတတ်တဲ့ကောင်ဆိုတော့.......အမှန်ဆိုရင် အဲ့ဒိတုန်း ကျွန်တော် ပြောလိုက် ရင်သူတို့ အတွက်ကောင်း သွားမှာဗျ ….အခုတော့ ကျွန်တော် အကျင့် ကြောင့် မပြောဖြစ်ခဲ့ဘူး…..ကျွန်တော် ဆယ်တန်းပြီးတော့ သူတို့ သတင်းလည်းမကြား ဖြစ်တော့ ဘူးဗျ သူတို့အောင်လား ကျလားဆိုတော့ ကျွန်တော် သိချင်မိတယ်ဗျ …. ဒါပေမဲ့လည်းကျွန်တော် ရဲ့ ဆရာမတွေနဲ့ ရင်းနှီးစွာနေတတ်မှု ကြောင့်မသိခဲ့ ရဘူးဗျာ.....:P
**ဒါလေးကတော့ ရေးထားတာတော့ကြာပြီ ခှမှတင်ဖြစ်တယ် :P**
19th April, 2016 . 12:29 AM
Comments
Post a Comment