ကျွန်တော့် ကို ဆရာတစ်ယောက်က ပြောဘူးတယ်ဗျ လူတစ်ယောက်က ကိုယ့် History ကို မသိရင်ဘာမှမဖြစ် လာဘူးတဲ့
လူတစ်ယောက်ဘ၀မှာ History ဆိုတာပြင်လို့မရသလို ပြောင်းလဲဖို့လဲ မလွယ်ပါဘူး
ကျွန်တော်က သူများအကြောင်းပြောရတာ ဝါသနာမပါသလို ကိုယ့်အကြောင်းကိုလည်း ပြောလေ့မရှိဘူးဗျ။ အဲ့ဒါကြောင့် ကျွန်တော်နဲ့ စကားပြောတဲ့ အခါ ကြောင်စီစီ နိုင်တယ်လို့ထင်လိမ့်မယ်....
ကျွန်တော် ကိုယ့်အကြောင်း ကိုရေးတာကလည်း အတိတ်ကို ပြန်သုံးသပ်ချင်လို့ လည်းပါတာပေါ့……အဲ့ဒါကြောင့် လည်း ကိုးတန်းတုန်းက Physics ဆရာက ငယ်ငယ်တုန်းကအကြောင်းတွေပြန်ပြောရင် ပါးစပ်အရသာရှိတယ်လို့ ပြောတာကိုး..........
အမှန်တော့ကျွန်တော်ကလည်း လူတစ်မျိုးဗျ.....ကိုးတန်းကျူရှင်စတတ်တော့ ယောက်ျားလေး က ကျွန်တော်အပါအဝင် စုစုပေါင်း ၆ ယောက်ရှိတယ် ကျွန်တော်က ကျန်တဲ့ ၅ ယောက်နဲ့ မတည့်ဘူးဗျ........ကျန်တဲ့လူတွေနဲ့လည်းစကားမပြော ဘူးဗျ 😂 😂 😂……ကျွန်တော်ကလူတစ်ယောက်ကိုတော်ရုံမခင်တတ်ဘူးဗျ... အဲ့လောက်ဆိုရင် ကျွန်တော့် ပေါင်းသင်းဆက်ဆံမှု skill ကိုခန့်မှန်း မိမယ်ထင် ပါတယ် 😁😁 ………..တစ်ခါတစ်လေကိုယ့်ကိုကိုယ်တောင်အံ့သြမိတယ်.....
ဘာကြောင့်မှန်းမသိဘူးဗျ ကျွန်တော်က စကားမပြော ချင်ရင်လုံး၀ မပြောဘူးဗျ......ပေါင်းသင်းဆက်ဆံရေးညံတယ်လို့ပြောရင်လည်း ခံရမှာပဲဗျ..... စကားမပြောတဲ့နေရာတွေ မှာမပြောဖြစ်တာကြာလာတော့ … အဲ့ စကားမပြောဘူးဆိုတဲ့ မျက်နှာဖုံးကိုစွပ်မိသလို ဖြစ်သွားရောဗျ.........လူတိုင်းမှာ မျက်နှာဖုံးကိုယ်စီရှိကြပါတယ်.......အဲ့မျက်နှာဖုံးတော်တော်များကတပ်ပြီးရင် ပြန်ချွတ်ဖို့တော်တော်ခက်တယ်ဗျ.......ကျွန်တော်ကလည်းအဲ့လိုပဲဗျ..........။
Mite tal kwar.😁
ReplyDelete😂
Delete