Skip to main content

အသည်းကွဲတယ်ဆိုတာ 💔….


လူတော်တော်များများ ဘဝမှာအသဲကွဲဘူးပါတယ်။ အစ ပိုင်းကတော့ ဘယ်သူမှ အသဲကွဲတာကို တွေးမထားဘူးပေမဲ့ တကယ်တမ်း တွေ့ကြုံရတဲ့အခါ ခံစားရတာမလွယ်မှန်း ဘဝမှာ အသဲကွဲဖူးတဲ့လူတိုင်း သိမှာပါ။ ဘာရယ်တော့မဟုတ်ပါဘူး ဒီနေ့ လက်မှာ အဆူး စူးတာနဲ့ ကျွန်တော် တန်းတုန်းက မြန်မာစာဆရာ ပြောတာ ကိုသတိရသွားလို့ အဆူး စူးလက်စနဲ့ ရအောင်ရေးထားထာပါ :D ၈တန်းတုန်းကတော့ ဆရာပြောတာကိုဘာမှသိပ်မသိသေး တော့ကြောင်တောင်တောင်နဲ့ပဲ နားထောင်ခဲ့ရတာပေါ့။ အဲ့တုန်းကဆရာပြောသွားတာ က အဆူး စူးတယ် ဆိုတဲ့ ခံစားမှုက ဘာနဲ့မှမတူဘူး ခံစားဘူးတဲ့လူပဲသိတယ်တဲ့။ အဆူး စူးတာကဘာနဲ့တူလဲ ဆိုတော့ အသဲစကွဲတာနဲ့တူတယ်တဲ့။ စူးတုန်းကတော့ အရမ်း နာကျင်ပေမဲ့ အဲ့ဒီ ဆူး ကို နှုတ်လိုက်ရင် ပိုနာကျင် ပြီးတော့ ဟာတာတာ နဲ့ ကျန်ခဲ့မှာစိုးလို့ သိပ်မနှုတ်ချင်ကျ ဘူးတဲ့။ ဆူး မနှုတ်ခင်ကာလ ကဘာနဲ့တူလည်းဆိုတော့ အသည်းကွဲတဲ့ ကာလတစ်လျှောက်နဲ့တူတယ်တဲ့။ သူများတွေတာပြောနေတာ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဆူးကိုနှုတ်ဖို့ ကြိုးစားဦးမှပါ

Comments