Google I/O Extend ပွဲ ကိုကျောင်းမှာလုပ်ဖို့ Phandeeyar မှာ ကျောင်း က volunteer တွေစုပြီး meeting လုပ်တဲ့နေ့ ကတော့ ဒီတိုင်းပဲ မုံရွာသွားမလား လို့မေးတော့ သွားမယ်လို့ပဲ ပြောလိုက်တာ။ အဲ့ဒီတုန်းကတော့ ဘာမှ တော့ မဟုတ်ပါဘူး ကျောင်းပိတ်တဲ့ အခါကျတော့သွားတာပေါ့ လို့တွေးပြီးပြောလိုက်တာ။ တကယ်လည်းသွားဖြစ်ရော second term တောင် မဖြေရသေးဘူး လုံးဝ ထင်မထားပဲနဲ့ အစောကြီးသွားဖြစ်တာ စောတာမှာ CS Club က student show case တောင်မလုပ်ရသေးဘူး :D။ အစတုန်းကတော့ဒီတိုင်း သွားလည်မယ်လို့တွေးထားတာ တစ်ကယ်လည်းသွားဖြစ်ရော knowledge sharing အနေနဲ့ သွားရမှာဆိုတော့ ပြောစရာ topic က မရှိဘူးဖြစ်နေရော ပိုဆိုးတာ က အရင်က Network ပိုင်းလေ့လာဘူးတော့ Network နဲ့ ပတ်သတ်တဲ့ career အကြောင်းပြောတဲ့ ။ တစ်ကယ်တမ်းပြောရရင် တော့ ကျွန်တော် Networking ပိုင်းနဲ့ က အလုပ်နဲ့ ပတ်သတ်ပြီးတော့ အတွေ့အြကုံကနည်းသေးတယ်။ ပြီးတော့ technology နဲ့ပတ်သတ်တာပြောရင် ကျတော့ စိတ်ဝင်စားကျမှာ မဟုတ်ဘူး။ ဒါပေမဲ့ ပြောမယ်လို့ ကတိပေးလိုက် တော့ လာနားထောင်တဲ့လူ လည်း အချိန်အလကား မဖြစ်အောင် သူတို့လည်း အကျိုးရှိအောင်လို့ Network career အကြောင်း ပြောဖြစ်ခဲ့တယ်။ အမှန်ဆို topic ပြောတာထက် camp သဘောမျိုးလေး လုပ်တာက သူတို့အတွက်ပို အကျိုးရှိမယ်လို့ထင်တာ ပဲ ။ ကျွန်တော်တို့ ကပြောပြီး လေ့လာစရာ resources တွေသာပေးခဲ့တာ။ တကယ်သိချင်လို့ပဲဖြစ်ဖြစ် အကူအညီလိုလို့ ပေးဖြစ်ဖြစ်မေးချင်တဲ့ အခါ online ကမေးလို့ရပေမဲ့ သိပ်မထိရောက်ဘူးလို့ ကျွန်တော်ကတော့ထင်တာပဲ။
မုံရွာမြို့က အေးချမ်းပါတယ်။ ရန်ကုန်က စိတ်ဖိစီးမှုတွေ အကုန် ခဏမေ့ထားလို့ရတာပေါ့။ မုံရွာမှာကနယ်ဘက်မို့လို့လားတော့မသိဘူး ရန်ကုန်ကလူတွေ လိုမျက်နှာဖုံးတွေသိပ် မရှိဘူး။ တော်တော်လေးကိုရိုးသားကျတယ်ဗျ။ ကျွန်တော် တကယ်လေးစားတာကတော့ သူတို့က teamwork တော်တော်လေးညီတယ်ဗျ။ ကျွန်တော်တို့ ကျောင်းမှာဆို ပွဲတွေလုပ်ပြီးလို့ပဲဖြစ်ဖြစ် ခုံတွေ ဘာတွေသိမ်းရင် ကျောင်းကသန့်ရှင်းရေး ဝန်ထမ်းတွေက သိမ်းတာများတယ်။ သူတို့မှာလည်း သန့်ရှင်းရေးမရှိဘူးလားဆိုတော့ သူတို့မှာလည်းရှိတာပဲ ဒါပေမဲ့ ကျွန်တော်တို့ knowledge sharing ပွဲလည်းပြီးရော သူတို့တွေခုံတွေကူသိမ်းဖို့ volunteers တစ်ယောက်က mic နဲ့လဲ ပြောလိုက်ရော ထိုင်ခုံ အလုံး ၁၀၀ နီးပါလောက်ကို ဝိုင်းသိမ်းတာ ၅ မိနစ်လောက်ပဲကြာတယ် အကုန်ပြီးသွားရော။ ကျွန်တော် တော်တော်လေးအံ့သြသွားတာပေါ့။ အဲ့ဒီတုန်းက စဉ်းစားမိတာ ငါတို့သာ ကျောင်းက CS Club မှာ ဒီလိုပွဲမျိုးလုပ်လို့ ကတော့ အမှိုက်တွေလိုက်ကောက်လိုက်ရမဲ့ဖြစ်ချင်း....ကျောင်းက CS Club မှာက ပုံမှန် topic ပြောတဲ့နေ့တွေမှာတောင်မှ Computer ကို UPS ပိတ်မသွားတဲ့ကောင်နဲ့ တစ်ချို့ဆို ကိုယ်ထိုင်သွားတဲ့ စက်တောင် shutdown မချသွားဘူး :D ပြောရင်တော့ ကိုယ့်ပေါင်ကိုယ် လှံထောင်းသလိုဖြစ်တော့မှာမို့လို့မပြောတော့ပါဘူး =.=
ဒီ post လေး ကမုံရွာသွားပြီး ပြန်လာကတည်းကရေးထားတာပါ။ မုံရွာက ပြန်လာကတည်းက လုပ်စရာတွေကများ၊ စဉ်းစားစရာတွေကများနဲ့ အခုမှတင်ဖြစ်တယ်။ :D

Comments
Post a Comment