Skip to main content

လူတစ်ယောက်ဘဝ အခြေအနေ နှင့် နေထိုင်မှု


"ရိုးရှင်းတဲ့ ကိုယ့်ဘဝ ကို  ရှုပ်ထွေးအောင် သူများဘဝနေထိုင်မှု နဲ့မတူချင်စမ်းပါနဲ့ကွာ"​ ဒီစကားက ကျွန်တော် လေးတန်းလောက်တုန်းက ကျူရှင်တတ်တော့ ကျူရှင်ဆရာ ပြောဖူးတာလေးပါ။ အဲ့တုန်းကတော့မသိဘူး သူများတွေဆော့နေတုန်းမှာ ကျွန်တော်က ကျူရှင်တတ်နေရတော့ "သူ့တို့ တွေများကောင်းလိုက်တာလို့ " ညည်းလိုက်မိတာ အဲ့မှာ ဆရာက ပွားတော့တာပဲ :D ငယ်ငယ်တုန်းကတော့မသိဘူး ဆုံးမခံရပြီဆိုရင် ဒီနေ့တော့ ပွားနေတာနဲ့ စာမသင်ရတော့ဘူးဆိုပြီးပျော်နေတာ။ ကြီးလာမှ တစ်ခွန်းစ နှစ်ခွန်းစ မှတ်မိ တဲ့ ဆုံးမစကားတွေက တော်တော်ကိုတန်ဖိုးရှိ ပြီး မှန်နေမှန်းသိတော့တယ်။ အဲ့တုန်းကမှတ်မိသလောက်ဆို ဆရာက အသက် ၂၀ လောက်ပဲရှိဦးမယ်ဆိုတော့ ကိုယ့်ကို ညီအစ်ကိုလို သဘောထားပြီးဆုံးမတာပေါ့ "လူဆိုတာကိုယ့်ဘဝ ကိုယ်အခြေအနေကို သိရမယ်။ သူများ ဘဝလို ဖြစ်ချင်နေရင်တော့ မင်းဘာသွားလုပ်မှာလဲ" တဲ့ အဲ့တုန်းကတော့ ပြန်ဖြေလိုက်တာတော့ "သူတို့ဘဝလို ဖြစ်သွားတော့ကောင်းတာပေါ့ " ကိုယ်တိုင်က စာမှမသင်ချင်တာ။ ဒီလိုပဲဖြေလိုက်တာပေါ့ " သူများဘဝနဲ့တူအောင်လုပ်ရင်းနဲ့ မင်းပင်ပန်းရလိမ့်မယ်" တဲ့။ကိုယ်တိုင်သိလာတဲ့ အတွေ့အကြုံ အရဆို ကျွန်တော်လူတော်တော်များများတွေ့ဖူးပါတယ်။ သူတို့က ကိုယ့်အခြေအနေကို မသိဘဲ သူများဘဝကို အရမ်း အားကျပြီးတော့ လိုက်တူအောင်ပဲလုပ်နေကျတာ။ လူဆိုတာကိုယ် အခြေအနေကိုသိရမယ်လေ ငါး ဘဝနဲ့မွေးလာတဲ့သူ က ဘယ်တော့မှ ဖား မဖြစ်နိုင်သလို ဖား ဘဝ အနေနဲ့မွေးလာတဲ့ လူကလည်း ဘယ်တော့မှ ငါးမဖြစ်နိုင်ဘူးဆိုတာ။ ဒါလေးကတော့ စာအုပ်တစ်အုပ်မှာဖတ်ဖူးတာလေးပါ။ အဲ့သဘောတရားအတိုင်းပဲ လူတစ်ယောက်မှာ သူရုန်းနိုင်တဲ့ ပမာဏရှိပါတယ် အဲ့ဒီ ပမာဏ ထက်ပိုခုန်ရင်တော့ ဒုက္ခ ကို လှလှတွေ့ မှာ မေးစရာတောင်မလိုပါဘူး :D ကျွန်တော်ကိုယ်တိုင်လည်း အခု ကိုယ်ဘဝနေထိုင်မှုထဲမှာပဲနေ နေပါတယ်။

Comments