ဘဝတစ်လျှောက်လုံးမှာ အတွေ့အကြုံတွေအများကြီးရခဲ့ပေမယ့် ၂၀၁၆ ကတော့ရလိုက်တဲ့ အတွေ့အကြုံကပိုများတယ်လို့ပြောလို့ရတယ်။
အချိန်အခါ
ဘဝမှာအချိန်ကအရေးကြီးပါတယ်။ သူ့ချိန်နဲ့သူရှိတာပေါ့။ မိုးရွာနေတဲ့အချိန်ပဲမိုးရေခံလို့ရသလို ကြယ်တာရာတွေကြည့်ချင်ရင်တော့ညဘက်မှာကြည့်မှရမယ်။ ၂၀၁၅ တုန်းကတော့ သိပ်သတိမထားမိလိုက်ဘူး။ ၂၀၁၆ ထဲရောက်မှ second year စတတ်တော့ first term ကိုတစ်လလောက်မတတ်ဘဲ Telecom သွားတတ်တော့မှပဲကိုယ့်ဘာသာကိုယ်သတိထားမိလာတယ်။ First year တုန်းကစာသင်ရင် တချို့စာတွေကသိပြီးဆိုပြီးတော့ အတန်း မတတ်တဲ့နေ့တွေရှိတယ်။ Software ပိုင်း တို့ Computer Fundamental တို့သင်ရင် ဒါတွေကသိပြီးသားပါ မသိတာတစ်ခုနှစ်ခုလောက်ပါလာတဲ့ အခါမျိုးဆိုရင် Google က ရှာဖတ်လိုက်ရင်ရတဲ့လို့တွေးဖူးတယ်။ Roll call လိုချင်လို့သွားတတ်တဲ့အခါမျိုးမှာလဲ ဆရာမ ပြောတာကိုသိပ်ပြီး တော့နားမထောင်ဖြစ်ဘူး။ တကယ်တော့ အဲ့ဒီအတွေးကတော်တော်ကိုမှားတဲ့အတွေးပဲဗျ။ First year တုန်းက အဲ့လိုအတွေးကောင်းလို့ တက္ကသိုလ်တောင် ထွက်ဖြစ်တော့မလို့။ တက္ကသိုလ်ထွက်ပြီးတော့ Private တက္ကသိုလ်မှာတတ်မယ်ပေါ့ ။ ပိုတဲ့အချိန်မှာကိုယ်လေ့လာချင်တာလေ့လာလို့ရတယ် ၊ အလုပ်သင်တောင်လုပ်လို့ရတယ် လို့တွေးထားတာပေါ့။ တကယ်တမ်း တက္ကသိုလ်သာထွက်ရင် ကိုယ်တွေးထားသလို လုပ်ဖြစ်မလား မလုပ်ဖြစ်ဘူးလားဆိုတာ ကတော့ ကိုယ်သာအသိဆုံးပါ။ အဲ့လိုနဲ့ ကံကောင်းလို့ First year မထွက်ဖြစ်လိုက်ဘူးပေါ့ဗျာ။ :D အဲ့ဒီ တက္ကသိုလ်မှာသင်ရတာတွေကို ဒီအချိန်မှာမလုပ်ရင် ဘယ်အချိန်မှာသွားလုပ်မလဲ... လုပ်ငန်းခွင်ဝင်တဲ့အခါလား? ကျောင်းပြီးသွားတဲ့အခါလား? ကျွန်တော့မှာ လား ပေါင်းများစွာနဲ့တိုင်ပတ်ခဲ့ရတာပေါ့ ။ အကောင်းဆုံး solution ကတော့ သင်နေတဲ့ကာလအတွင်းမှာသေချာနားလည်ထားအောင်လုပ်တာပါပဲ။ အဲ့တော့ Training ကာလမှာ စစ်သွားမတိုက်ချင်ပါနဲ့။
အပေါင်းအသင်း
မိတ်ဆွေဆိုတာ ကတော့မရှိမဖြစ်ပါ။ ဒါပေမဲ့ ပင်ကိုယ်ဗီဇ အရ သိပ်ကြည့်မရတဲ့အကောင်ဆို စကားမပြောချင်တာရယ် ကိုယ့်ဘာသာကိုယ်တိုင်ပတ်နေတာ နဲ့ပဲ အသိတော်တော်များများနဲ့ စကားတောင်သိပ်မပြောဖြစ်ဘူး။ အသိတစ်ယောက်ပြောသလို တစ်နေ့ကိုသုံးခါလောက်တော့ ပြုံးဖို့မ မေ့နဲ့တဲ့။ မျက်နှာက ဖဲသမားရုပ်လိုနေမှတော့ဘယ်သူကစကားလာပြောချင်မလဲတဲ့။ 😬 အဲ့အသိနဲ့ကလည်းစကားပြောစရာအကြောင်းလုံးဝမရှိတော့တာမို့လို့ ပြုံးဖို့ကိုအမြဲတမ်းမေ့နေတယ်။ ၂၀၁၇ မှာတော့ ဖဲသမားမျက်နှာနဲ့ မနေမိအောင်ကြိုးစားကြည့်ရမှာပဲ။
ယုံကြည်မှု
လူတိုင်းကို အရမ်းမယုံသင့်ပါဘူး။ အချိန်မရွေးမမျှော်လင့်ထားတာတွေဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် လူတစ်ယောက်ကို 100% မယုံသင့်ပါဘူး။
Gym
အားကစားကတော့ ၁၀တန်းပြီးကတည်းက လုပ်ဖြစ်ပေမဲ့ ၂၀၁၆ မှာတော့ အချိန်တော်တော်များများကို Gym မှာပဲ ဖြုန်းဖြစ်တယ်။ အရင်ကတော့ Gym သွားတယ် ဆော့ချင်တာဆော့တယ် ပြီးတော့ပြန်လာတယ်။ ၂၀၁၆ နှောင်းပိုင်းမှာတော့ Second term မဖြေဖြစ်တာရယ် အလုပ်က ကိစ္စတွေ အကုန်လုံးကို မေ့ဖို့အကောင်းဆုံးနေရာကတော့ Gym ပဲ။ အထူးသဖြင့် စိတ်ညစ်စရာတွေမတွေးမိအောင် အားတိုင်း gym သွားဖို့ပဲစဉ်းစားနေလိုက်တယ်။
အလုပ်
အလုပ်ဆိုတာမျိုးကလည်း မရှိလည်းကောင်း၊ ရှိလည်းကောင်း။ တကယ်တမ်းအလုပ်ချည်းပဲလုပ်ဆိုတော့မလွယ်ဘူး။ အဲ့ဒါကြောင့်လူတော်တော်များများက အလုပ်ချိန်မှာ အချိန်ခိုးတာမျိုးတွေဖြစ်လာရတာပေါ့။ ကျောင်းထွက်ပြီးအလုပ်ပဲ လုပ်မယ်ဆိုရင် ကိုယ့်ကို limit လုပ်သလိုဖြစ်သွားလိမ့်မယ်။
Developer
Developer ဆိုတဲ့အမျိုးက တော်တော်စကားပြောရလက်ပေါက်ကပ်တဲ့ အမျိုးဗျ။ ကျွန်တော်ကိုယ်တိုင်လည်း developer လို့တော့ မခံယူထားပါဘူး။ အထူးသဖြင့် Professional မရောက်ခင် နဲ့ beginner ကြားထဲ လူတွေကတော်တော်ဆိုးတယ်။
Comments
Post a Comment