ကျွန်တော်တို့လူတွေ တော်တော်များများ မကောင်းမှုကို ကောင်းမှုထက်ပိုပြီးတော့ လုပ်ကြပါတယ်။ ကိုယ့်စိတ်ထဲ က သတိထားမည့်သည် အခါလည်းရှိသည်။ သတိမထားမိသည့်အခါလည်းရှိသည်။ ဘယ်လိုပဲလုပ်လုပ် မကောင်းမှုက မကောင်းမှုပဲလေ။
(ကာယကံ ဆိုတာ ကိုယ်ဖြင့်ပြုလုပ်သောစေတနာ ကိုခေါ်ပါသည် (၃) ပါးရှိပါတယ် ၀စီကံ ဆိုတာ နှုတ်ဖြင့်ပြောဆိုသော စေတနာ ကိုခေါ်ပါသည်။ (၄) ပါးရှိပါတယ်။ မနောကံ ဆိုတာ စိတ်ဖြင့်ကြံစည်ပြုလုပ်သော စေတနာ ကိုခေါ်ပါသည် (၃) ပါး ရှိပါတယ်..
ကာယံကံ (၃)မျိုး
-သူများအသက်သတ်ခြင်း-ခိုးယူခြင်း
-သူများမယား ပြစ်မှားခြင်း
၀စီကံ (၄) မျိုး
-လိမ်ညာပြောခြင်း-ကုန်းချောပြောခြင်း
-ယုတ်ယွင်း ညစ်ပတ်တဲ့ စကားပြောခြင်း
-အတင်းပြောခြင်း
မနောကံ (၃) မျိုး
-သူများဥစ္စာကို မတရားရအောင် ကြံစည်ခြင်း-သူတစ်ပါး ပျက်စီး သေစေရန် ကြံစည်ခြင်း
-မှားသောအယူရှိခြင်း တို့ပဲဖြစ်ပါတယ်) ဒါက online က ရှာထားတာပါ တော်ကြာအထင်တွေကြီးနေမှာစိုးလို့ :D....
ဥပမာပေးရရင် လူတစ်ယောက်နဲ့မတည့်လို့ အဲ့ဒီလူကိုတွေ့တာနဲ့ သတ်ချင်တယ်လို့တွေးထားတာ ဆိုရင် မနောကံမြောက်ပါတယ်။ ထပ်ပြီးတော့ အဲ့ဒါကို ကိုယ်အပေါင်းအသင်းတွေကို ပြောပြ လိုက်ပြီဆိုတာနဲ့ ဝစီကံမြောက်သွားပြန်ရော။ သူများကို ကိုယ်ထိလက်ရောက်နာကျင်အောင်လုပ် ရင် ထပ်ပြီးတော့ ကာယံကံ မြောက်ပါတယ်။ တကယ် ဒီစာကိုရေးဖို့ အကြံရတာကတော့ အပေါ်က အကြောင်းတွေနဲ့မဆိုင်ပါဘူး 😂😂
အမှန်က ကျွန်တော် ဒီရက်ပိုင်း အလုပ်ကရှုပ်နေတာနဲ့ အလုပ်လုပ်ရင် ခြင်တွေဒုက္ခပေးတာကြုံရပါတယ်။ အဲ့ဒါနဲ့ ငယ်ငယ်တုန်းက အကြောင်းစဉ်းစားမိတာနဲ့ ရေးလိုက်တာ။ ငယ်ငယ်တုန်းကဆိုရင် ခြင်တစ်ကောင်ကို သတ်တော့မယ် ဆိုရင် သွားပြီးတော့ရိုက်ပါတယ် (အဲ့မှာ ကာယံကံမြောက်ပါတယ်😞 ၊ အဲ့မှာ မသေမရှင်ဖြစ်နေရင် “သေစမ်း သေစမ်း” ဆိုပြီးတော့ ထပ်ရိုက်ပါတယ် ( ကာယံကံ + ဝစီကံ)မြောက်ပါတယ်။😂
ငယ်သေးတော့ ကိုယ်တကယ်သတ်ချင်တာလား မရည်ရွယ်ပဲ သတ်တာလားဆိုတာတော့ မပြောတတ်တော့ပါဘူး။ တကယ်လို့သတ်ချင်တဲ့စိတ်သာရှိနေမယ်ဆိုရင် (မနောကံ)ပါ bonusရဦးမှာပါ😪
ဒီစာရေးနေတုန်းမှာပဲ ကျွန်တော့်လက်ချက်နဲ့ ခြင်ကလေး နှစ်ကောင် ဖင်ကလေးထောင်ပြီး အနိစ္စရောက်သွားရှာပါတယ်😞
ဒီလိုတွေရေးလို့ တရားရသွားတယ်မထင်ပါနဲ့😂 Project က deadline နီးနေတာရယ်၊ ကျောင်းက assignment တွေကလည်းရှိပြီး တိုင်ပတ်နေတော့ နည်းနည်း လွတ်သွားတာပါ😂။ ဘာပဲပြောပြော နောက်ဆို မကောင်းမှုတွေ လျော့ပြီး ကောင်းမှု ကုသိုလ်လေးလုပ်မှပါ။

Comments
Post a Comment