လူတစ်ယောက် အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာက တော့ သူ့ သတ်မှတ်ချက်အပေါ်မှာပဲမူတည်ပါတယ်။ မအောင်မြင်တာကံ မကောင်းဘူးလို့ထင်နေလို့ကတော့ ကိုယ်ဘာသာကိုယ်ပြန်စမ်းစစ်ဖို့လိုပါတယ်။ ကံကိုယုံပြီးဆူးပုံနင်းရင်တော့ စူးမှာပဲ အဲ့ဒါမှ ထပ်ယုံပြီးတော့ မစင်ပုံနင်းလို့ကတော့ နံဖို့ပဲရှိတယ်။ သက်သာဖို့မရှိဘူး။ တစ်ခါတစ်လေမှာ လူတော်တော်များများ သူများတွေအောင်မြင်တာကိုကြည့်ပြီး အားကျတတ်ပါတယ်။ ကျွန်တော်အပါအဝင်ပေါ့ ။ ဒါပေမဲ့ ဘဝမှာ ဘယ်သူက ဘာဖြစ်နေပြီ၊ ဘယ်သူကတော့ဘယ်လိုဖြစ်နေပြီ၊ ဘယ်သူကတော့ဘယ်လိုအောင်မြင်နေပြီ ဆိုပြီးတော့လိုက်ကြည့်နေရင်တော့ နည်းနည်းတော့လွဲနေပါပြီ။ အဲ့ဒီအခါမျိုးကျတော့ သူများဘဝတွေ ကိုအာရုံစိုက်တာများပြီးတော့ ကိုယ့်ဘဝ ကိုအာရုံစိုက်ဖို့မေ့သွားတတ်ပါတယ်။ ဥပမာပေးရ ရင် မော်ဒယ်တစ်ယောက် က လမ်းသွားလို့ သူ့ကို လူတွေကသတိထားမိရင်၊ ကြော်ငြာတော်တော်များများမှာပါရင် အသင့်အတင့်အောင်မြင်တယ်လို့ပြောလို့ရပါတယ် ဒါပေမဲ့ မင်းသား၊မင်းသမီးတွေ အတွက်ကျတော့ဒါက ပုံမှန်ပါပဲ။ သူ့အတွက်အောင်မြင်တယ်ဆိုတာကတော့ သူ့အတွက်သီးသန့်ရှိတာပေါ့၊ ဘဝမှာ ကိုယ်ဘဝအောင်မြင်မှုကို ကိုယ်တိုင်သတ်မှတ်ရတာပါ၊ သူများဘဝအောင်မြင်မှုနဲ့လိုက်တိုင်းနေရင်တော့ဘယ်တော့မှ အောင်မြင်တယ်ဆိုတာရှိလာတော့မှာမဟုတ်ပါဘူး။
Parts of my life in one blog.
Comments
Post a Comment