ဘဝမှာ ဂြိုလ်သားဆန်ဆန် မေးခွန်းတွေမေးခံရဘူးမှာပါ။ ဥပမာပေးရရင် အဖေ နဲ့ အမေ ဘယ်သူကို ပိုချစ်လဲ၊ သူငယ်ချင်းနဲ့ ချစ်သူ ဘယ်သူ့ကိုရွေးမလဲ၊ အသောက်အစားနဲ့ ချစ်သူဘယ်သူ့ကိုရွေးမလဲ၊ ရန်ကုန်နဲ့ မန္တလေး ဘယ်မှာပိုနေချင်လဲ၊ စသဖြင့် လဲပေါင်းများစွာနဲ့ အမေးခံရကြမှာပါ။ တကယ်တော့ဒီမေးခွန်းတွေက နည်းနည်းတော့ဖြေရတာဂွကျပါတယ်။ တူညီတဲ့ ဥပမာကိုပြန်ပေးရမယ်ဆိုရင် ရေ နဲ့ အစားအစာ တစ်ခုပဲ ရွေးရမယ်ဆိုရင်ဘာကိုရွေးမလဲ? ရေအသက် ၁ရက် ထမင်းအသက် ၇ရက် ဆိုပြီးတော့ ကြားဘူးကြမှာပါ။ အဖြေက နှစ်မျိုးရှိပါတယ်။ ရေကိုလည်းရွေးမယ်၊ ထမင်းကိုလည်းရွေးမယ်၊ ဘာလို့လဲဆိုတော့ နှစ်မျိုးကတူမှမတူတာကို။ အဲ့လိုပြောတိုင်း အပေါ်က တချို့မေးခွန်းတွေကို ဖြေလိုက်ရင် အဆင်ပြေသွားမယ်မထင်ပါနဲ့။ သွားဖြေရင် ကွိုင်တတ်သွားနိုင်ပါတယ် :P. အဲ့တော့ အခြေအနေ ပေါ်လိုက်ပြီးတော့ ကြည့်ဖြေရတာပေါ့။ လိမ်ပြီးတော့ဖြေလိုက်ရင်လည်း မုသာဝါဒါ ကံ ကိုကျူးလွန်ရာရောက်ပါမယ်။ ဒါပေမဲ့လည်း မုသားဖြူဆို ပြီး ကိုယ့်ဘာသာကိုယ်ဖြည့်တွေးရတာပေါ့ 😅
Parts of my life in one blog.
Comments
Post a Comment