Skip to main content

အမေ ပြောတဲ့ ဒုက္ခလှလှ


ငယ်ငယ်တုန်းကတော့ စာမလုပ်တဲ့ အချိန်တို့ ဂိမ်းဆော့နေတဲ့ အချိန်တွေမှာ အမေ ပြောလေ့ရှိတာကတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တဲ့ အခါဒုက္ခလှလှတွေ့မယ်တို့၊ ကိုယ်ဘဝကိုယ်ရပ်တည်တဲ့ အခါ မှ ပင်ပန်းလိမ့်မယ်တို့ဆိုတာ တော့ ကြားဖူးနားဝရှိနေကြ စကားတွေပါ။ ဒါပေမဲ့တကယ် တမ်းတွေ့ရတဲ့ အခါကျတော့ ဒုက္ခက လှတဲ့ အရာတော့မဟုတ်ပါဘူး။ ဘာရယ်တော့ မဟုတ်ပါဘူး အမေက တစ်လလောက်ခရီးသွား လိုက်တော့ လူလည်း အလုပ်နဲ့လက်နဲ့ မပြတ်ဘူးဆိုတာကို တကယ်ကြုံရတော့တာပဲ။ တကယ်တမ်း သူများကိစ္စတောင် မဟုတ်ဘူး ကိုယ့်ကိစ္စကိုယ်လုပ်တာတောင် မပြီးနိုင်ဘူး။ အဲ့ဒီ အခါကျမှာ ယားလို့တော့မကုပ်အားဘူးဆိုတာ အမှန်ဖြစ်လာတာပဲ။  (P.S ယားလို့ကုပ်တယ်ဆိုတာ က ဟိုနားဒီနား ယားတာကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာ လက်တို့၊ ခြေထောက်တို့)​ :P

Comments