Skip to main content

မျက်နှာဖုံးနှစ်ခုရှိသော ကာလများ

မျက်နှာဖုံး ဆိုတာ အမှန်တော့ ဘဝနေထိုင်မှုကိုပြောတာပါ။ ကျွန်တော် အရင်ရေးထားတဲ့ post တစ်ခုမှာရှိပါတယ်။ ကျွန်တော် တန်းမတတ်ခင်တုန်းက အရင်ကျူရှင်မှာမတတ်တော့ပဲ ကျူရှင်အသစ်ကိုစပြောင်းတော့ ကျွန်တော်ကိုအိမ်က မပြောပဲသွားအပ်လိုက်ရော။ ကျူရှင်က အသစ်ရယ်လို့တော့ မဟုတ်ပါဘူး။ အစ်မ ကိုးတန်း ဆယ်တန်းလောက်တုန်းကတတ်ခဲ့တဲ့ ကျူရှင်ပေါ့။ အဲ့ဒီတုန်းက တော့ အဖေနဲ့ စကားသိပ်မပြောတော့တဲ့ ကာလအစဆိုတော့ ပြန်ပြောရမှာလည်းခက် အမေကိုပြောတော့လဲ အမေကတတ်ဆိုတော့ ကျွန်တော်လည်း ဘာမှဆက်မပြောတော့ပဲလက်ခံလိုက်တယ်။ ပထမဆုံးနေ့မှာတော့ မတတ်ချင်လို့သွားမတတ်ဖြစ်ဘူး။ ဒုတိယနေ့ကနေပြီးတော့ စတတ်ဖြစ်တယ်။ အစပိုင်းမှာတော့လူနည်းပင်မဲ့ နောက်ကပိုင်းတော့ တဖြည်းဖြည်းများလာတယ်။ အဲ့ဒီမှာစတာ ပဲ။ လူကများလာတော့ ယောကျာ်းလေးက ကျွန်တော်အပါအဝင် ယောက်ရှိတယ်။ အဲ့ဒီမှာပါတဲ့ တစ်ကောင်က သူ့ပါးပါးက ပညာရေးဝန်ကလေးဆိုလားပဲ သူ့မားမားဖြစ်သူကတော့ တက္ကသိုလ်က ဆရာမပေါ့။ ကျွန်တော်က နဂိုကတည်းက မတတ်ချင်တဲ့ ကျူရှင်ဆိုတော့ စကားက မပြောဘူး။ အဲတော့ဟိုကောင် တွေက တေမိ တေမိ ဆိုပြီး စရော။ ထားလိုက်ပါဆိုပြီး ပြန်မပြောပဲနေလိုက်တယ်။ နောက်တော့ လက်တွေဘာတွေပါလာရော။ အဲ့ဒါနဲ့ ကျွန်တော်လည်းလက်ပြန်ပါလိုက်တာ ဟိုကောင်ဇီးကွက်မျက်လုံးလေးဖြစ်သွားရော :3   ဖြစ်တဲ့နေ့မှာပဲ နောက်ဆုံးတစ်ချိန်တတ်လိုက်ရသေးတယ်။ မှတ်မှတ်ရရ အဲ့ အချိန်က English အချိန် eng ဆရာက အဲ့ကတည်းက ဆုံးမတာကတော့ တပည့် လူဆိုတာဘဝမှာတစ်ယောက်ထဲနေလို့မရဘူးဆိုတာပဲ နောက်နေ့တတ်တော့ Physics ဆရာက တော့ တပည့််မင်းမှန်တယ်ထင်ရင် ကြိုက်တာလုပ်လို့ရတယ် ဒါပေမဲ့ လက်မလွန်စေနဲ့ တဲ့ ဆရာက အရင်က စစ်တပ်ကဆိုတော့ ကျွန်တော့်ကို ထောက်ခံတယ် :P ပြောချင်တာကိုနိဒါန်းပျိုးနေတာနဲ့ လိုရင်းမရောက်တော့ ဘူး။ အဲ့ဒီမှာ ကျူရှင်ရော ကျောင်းရောတူတဲ့ လူတွေကတော့သိမှာပါ ကျွန်တော့်ပုံစံက ကျောင်းမှာတော့ လူတိုင်းနဲ့ စကားပြောတယ်။ ကျူရှင်ရောက်ရင်တော့ Poker face နဲ့နေတယ်။ ဘယ်သူ့ကိုမှ စကားမပြောဘူး။ အခုတော့တက္ကသိုလ်ကျောင်းသားဘဝ ကို မျက်နှာဖုံးနှစ်ခုမဖြစ်အောင် ကြိုးစား နေပါတယ်။


P.S. ကိုယ်နဲ့ရန်ဖြစ်ခဲ့တဲ့ကောင်က အခုပြီးခဲ့တဲ့ ၂၀၁၆ သင်္ကြန်မှာ ပဲ ထူးထူးဆန်းဆန်း လာပြီးတော့ လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူသွားတယ်။ 

Comments