Skip to main content

ဘာဖြစ်ခဲ့လဲ ဘာလုပ်နေလဲ ဘာကြောင့်လုပ်နေရတာလဲ ဘာဆက်လုပ်မှာလဲ ဘာဆက်ဖြစ်မှာလဲ

ဒီ post ကတော့ title ပေးဖို့စဉ်းစားနေတာနဲ့ အခုမှတင်ဖြစ်တယ်။ ခေါင်းစဉ်ကိုကြည့်ပြီးတော့ Wh questions တွေထင်သွားဉီးမယ်😂


တကယ်တော့ လူ့ဘဝ ဖြစ်တည်မှုတစ်ခုအကြောင်း ပြောချင်တာပါ  လူ့ဘဝဖြစ်တည်မှုကာလအစ နဲ့ ဘဝရဲ့နေဝင်ချိန် ကြားကာလလေး ပြောရင်တော့ အသက်ရှိစဉ်ကာလအပိုင်းအခြားလေမှာ ကိုယ်လုပ်ခဲ့တာအတွက်နောင်တ မရရအောင် ဒီစာကိုရေးထားပြီး ကိုယ့်ကိုယ်ကို ဆုံးမတဲ့သဘောပါ။ ဒီလိုရေးလို့အချိန်တိုင်းနောင်တမရအောင်နေဖြစ်လားဆိုတော့ မနေဖြစ်တဲ့အခါတွေလည်းရှိပါတယ်။ တတ်နိုင်သမျှတော့ နောင်တမရအောင်နေတာပေါ့  များသောအားဖြင့်ကိုယ့်ကိုယ်ကိုမေးဖြစ်တာ အရင်တုန်းဘာဖြစ်ခဲ့လဲဆိုတော့ ဒါကတော့ ထည့်မရေးတာပဲကောင်းပါတယ် 😂 ဘာလုပ်နေလဲဆိုတော့ နောင်တမရအောင် တတ်နိုင်သမျှနေပါတယ်။ ဘာကြောင့်လုပ်နေရသလဲ ဆိုတော့ အဖြေကရှင်းပါတယ် နောင်တ မရချင်လို့ပါ  ဘာဆက်လုပ်ရမယ်ဆိုတာတော့ စဉ်းစားထားတဲ့အတိုင်း အကောင်အထည်ဖော်ဖြစ်အောင်ကြိုးစားနေပါတယ် ။ဘာဆက်ဖြစ်မှာလဲဆိုတာကတော့ ကြိုးစားမှုအပေါ်မှာပဲမှုတည်ပါတယ်။

Comments