Skip to main content

၃ နှစ်တာ တက္ကသိုလ်ကျောင်းသားဘဝ

နှစ်တာဆိုပေမဲ့ တကယ်တမ်းကတော့ဒုတိယနှစ်ပဲရှိပါသေးတယ်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရွေးတော့ days ဆိုမတတ်ချင်လို့ private တတ်မယ် လို့အိမ်ကိုပြောတာလည်း မရ အဝေးသင်ပဲလျှောက်လိုက်မယ်လို့ ပြောတော့လဲမရနဲ့ နောက်ဆုံး နည်းပညာတတ်က္ကသိုလ်လည်းမတတ်ချင်တာနဲ့ ကိုယ်စိတ်ဝင်စားတဲ့ ကွန်ပျူတာတက္ကသိုလ်ကို ပဲရွေးလိုက်ရတယ်။ အဲဒါနဲ့ ကျောင်းကို ရန်သူမျိုးငါးပါးမျက်နှာနဲ့ ရောက်သွားတာပေါ့။ သိပ်မကြာပါဘူး စတတ်တဲ့ နှစ်ပတ်လောက်တော့ ငေါင်တောင်တောင်ဖြစ်နေတာပေါ့။ အစဆိုတော့ ဆရာမတွေကလည်းသိပ်မဝင်တော့ ကျောင်းမှာ ပျင်းလွန်းလို့ online တစ်ပတ်တစ်ပတ်ထွက်တဲ့ ဂျာနယ်တွေ online ကနေရှာဖတ်ရတာ ဗုဒ္ဓဟူးနေ့လောက်ဆို ဖတ်စရာတွေက ကုန်သလောက်ဖြစ်သွားရော။ ၃ပတ်လောက်လည်းတတ်ပြီးရော ကြည့်စရာလေးတွေလည်းတွေ့လာ :P မိတ်ဆွေတွေလည်းနည်းနည်းပါးပါးရလာတော့ အဆင်ပြေသရောင်ရောင်ဖြစ်လာတာပေါ့။ နောက်တော့ CS Club ကလည်းကျောင်းမှာစတဲ့နှစ်ဆိုတော့ ကံကောင်းတယ်လို့ပဲပြောရမှာပေါ့။ သိပ်မကြာပါဘူး first semester စဖြေရရော။ second semester လည်းဒီလိုပဲ သိပ်မကြာဘူး။ second semester မဖြေခင်တောင်မှ ကျောင်းထွက်မလို့စဉ်းစားလိုက်သေးတယ်။ အဲ့လိုနဲ့ပဲ first year ပြီးသွားရော။ second year ရောက်သွားတယ်ပေါ့ဗျာ။ second year မတတ်ခင်မှာ Telecom course တစ်ခုကိုကျောင်းမဖွင့်ခင်ပြီးမယ်ဆိုပြီးတတ်လိုက်တာ course ကစတာနောက်ကျတာရယ် ၁၀ ဘာသာလောက်ကို ပါဖြေလိုက်ရတော့ အီစလန်ဝေသွားရော။ ၁၀ ဘာသာ ကိုသာအာရုံစိုက်နေတာနဲ့ ကျောင်းဖွင့်တာတောင် တစ်လလောက်ရှိတာမေ့သွားတယ် :P second year မှာ freelance စလုပ်တာရယ် telecom တတ်တာရယ်နဲ့ ကျောင်းတောင်သိပ်မရောက်ဖြစ်ဘူး။ ကိုယ်တိုင်လည်းမသွားချင်တာလည်းပါတာပေါ့ အဲ့လိုနဲ့ roll call ကမပြည့် တစ်ပြည့်နဲ့ ကိုယ်တိုင်ကလည်းစိတ်မပါနဲ့ မဖြေပဲနဲ့ရပ်နားတင်လိုက်တယ်။ ဒုတိယနှစ်ကို နောက်တစ်နှစ်တတ်တော့ နှစ်ပတ်လောက် repeater ခန်းမှာသွားတတ်ရတယ်။ အဲ့ တော့မှာ ငါးတစ်ကောင်ဘဝကို ငါးပဲသိမယ်ဆိုတာကို သေချာသိတော့တယ်။ တကယ်တမ်းကကိုယ်ကတော့ repeater တော့မဟုတ်ပါဘူး repeater တော့ repeater ပဲ ဒါပေမဲ့ repeater မဟုတ်ဘူး။ ဒါပေမဲ့ကိုယ်တိုင်ကလည်း ကျောင်းကိုအရမ်း ကြည်တဲ့လူဆိုတော့ ဒီလောက်ကတော့ရင်တောင်မခုန်ပါဘူး 😅 ပြန်တတ်တဲ့နှစ်မှ ပိုဆိုးတယ်လို့တောင်ပြောလို့ရတယ် ကျောင်းကိုမရောက်တော့ဘူး။ ကျောင်းကိုမရောက်ဘူးဆိုတာလည်း ရုံးသွားရင်သွား မသွားရင်အိမ်မှာပဲနေတာများတယ်။ CS Club မှာလည်း မပါဖြစ်တော့ဘူးဆိုတော့ပိုဆိုးသွားတယ်။ ကိုယ့်ဘာသာပြန်စဉ်းစားမိတာ ငါက  ကျောင်းသွားပြီးဘာလုပ်ရမှာလဲ?? တစ်ခါတစ်လေကိုယ်တိုင်တောင် အဖြေမရှိဖြစ်သွားတယ်။ ဒီလိုနဲ့ပဲ ဒုတိယနှစ်ကို မဖြေဘူး ဖြေမယ် မဖြေဘူး ဖြေမယ်နဲ့ နောက်ဆုံးတော့ဖြေဖြစ်သွားတယ်(ကိုယ်တိုင်ကတော့ မဖြေဘူး ဖြေမယ်ဆို တာက ကြိုတွေးထားပြီးသားပါ)

နှစ်တာကျောင်းမှာရှိနေတုန်းမှာ ကျောင်းကို ကျောင်းသွားမယ် ဆိုတဲ့ အတွေးနဲ့ပဲရောက်ခဲ့တယ် လှော်ကား ကိုတောင်မှကံကောင်းလို့ တစ်ခါရောက်ဘူးတယ်။ နှစ်တာကျောင်းတတ်ခဲ့ပေမဲ့ ကိုယ်ကျောင်းက Fresher Welcome ကို တစ်နှစ်မှမသွားဘူးဘူး ကိုယ်တိုင်လည်းမသွားချင်တာလည်းပါတာပေါ့  နောက်နှစ် ကျောင်းကိုဆက်တတ်မယ် မတတ်ဘူးဆိုတာကတော့ ကြိုဆုံးဖြတ်ပြီးသားပါ။ ဒါကတော့ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့  

Comments