Skip to main content

သံယောဇဉ်

ကျောင်းတတ်ရင်းနဲ့ အလုပ်လုပ်လာတာလည်း ၁နှစ်ခွဲ ၂ နှစ်နီးပါးရှိလာပြီ။ ကိုယ်အလုပ်လုပ်ခဲ့တဲ့ Company တို့ Volunteer လုပ်ခဲ့တဲ့ club တို့ organization တို့ကို troll တာတို့ ရိသဲ့သဲ့ လာပြောရင်မကြိုက်တာကတော့ အမှန်ပဲ။ ဒီထက်ပိုဆိုးတာက ကိုယ့်ရှေ့မှာလာပြောနေတာတို့ ကိုယ်နဲ့ သိတဲ့လူတွေက လာ ကိုယ့်ရှေ့မှာပြောနေတာက အဆိုးဆုံးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် organization တစ်ခုခုက falling stage ကိုပဲ ရောက်နေရောက်နေ organization စထဲ ကပါတဲ့ လူတွေကတော့ သံယောဇဉ် ရှိတာကတော့ အနည်းနဲ့ အများပဲ။ ဒီထက်ပိုဆိုးတာ က organization ထဲမှာပါပြီး ထွက်သွားတဲ့ အခါမှ organization ကိုမကောင်းပြောတာပဲ။ ဒီလိုမျိုးကျတော့ လည်း troll တဲ့လူတွေက နည်းနည်း ဟုတ်သေးတယ်။

Comments