ဝါသနာဆိုတဲ့ အမျိုးက မွေးထဲက ပါလာတာတို့ နဂိုကထဲက အရင်းခံပါမှ အဆင်ပြေတယ်လို့ပြောလို့ရတယ်။ မရှိတဲ့ အရာကိုလုပ်ယူဖို့ဆိုတာကတော့ တော်တော်လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဝါသနာမပါတာကြီးကို စိတ်ညစ်ခံပြီးတော့ မလုပ်ချင်ဘူး။ ဒီလိုပြောတာလည်းမှားတော့မှားနိုင်တယ် ဒုတိယနှစ်စတတ်တုန်းက အစ်ကို တစ်ယောက်ကလာမေးဘူးတယ်
ကျွန်တော် လည်းအဲ့တုန်းက ဖြုတ် ဦးနှောက်နဲ့ဆိုတော့
အစ်ကိုက ကွန်ပျူတာအပိုင်းမှာဝါသနာပါတာ မဟုတ်ဘူး။ အစ်ကိုဝါသနာပါတာကလည်း ဘဝရပ်တည်မှုအတွက် အဆင်မပြေနိုင်ဘူး။
ကျွန်တော် လည်းအဲ့တုန်းက ဖြုတ် ဦးနှောက်နဲ့ဆိုတော့
အစ်ကို ဝါသနာ မပါတာကိုတော့ စိတ်ညစ်ခံပြီးလုပ် မနေနဲ့။ တကယ်သာ ဝါသနာပါရင် ဘဝရပ်တည်ဖို့ ဆိုတာ သူ့ဘာသာ ဖြစ်လာလိမ့်မယ် ။
ဆိုပြီးပြောလိုက်တာ။ အဲ့တုန်းက စာမေးပွဲ ဖြေနေတဲ့ကာလ ၊ ကျွန်တော်လည်းပြောပြီးရော နောက်နေ့စာမေးပွဲပါလာမဖြေတော့ဘူး။ ကျွန်တော်ထင်တာက တော့ ဒီအစ်ကိုတော့ ဝါသနာပါတဲ့ အရာကိုစလုပ်နေပြီးလို့ပဲတွေးလိုက်တာပေါ့။ နောက် စာမေးပွဲပြီးကာမှ ကိုယ်အသိတွေကို ပြောပြတော့ သူများကိုဂျင်းသွားထဲ့တယ်တို့ ၊ သူ့ဝါသနာက သူ့ဘဝရော survive လုပ်နိုင်ပါ့မလား တို့ ပြန်ပြောလာတော့ ကိုယ်အကြံပေးမိတာပါမှားသွားလားလို့တောင်တွေးမိတယ်။ အဲ့ကိစ္စဖြစ်ပြီးကတည်းက ဘယ်သူပဲလာပြီးတော့ အကြံတောင်းတောင်း မပေးဖြစ်တော့တာတော့ အမှန်ပဲ။
Comments
Post a Comment