ကျွန်တော့် ရေးတဲ့ posts တော်တော်များများက ကိုယ့်အကြောင်းရယ်၊ ခံစားမှုတွေရယ်၊ လူတွေအကြောင်းရယ်၊ ဘဝတစ်စိတ်တပိုင်း တွေများပါတယ်။ ဒီတစ်ခါကတော့ တစ်ဘဝလုံးစာရယ်၊ ဘဝခံယူမှုအကြောင်းပေါ့။ ဘဝမှာ လူမှန်းသိတတ်စအရွယ်ကတည်းက ကိုယ့်ဘဝဖြစ်တည်မှုကို နောက်ပြန်ပဲကြည့်ကြည့် ရှေ့ကိုပဲကြည့်ကြည့်နောင်တမရအောင်နေတယ်။ ရှင်းရှင်းပြောရရင်တော့ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်ပေါ့ဗျာ။ တစ်ခါတစ်လေကျတော့ သူများဘဝပုံစံနဲ့သွားယှဉ်တဲ့အခါတို့ တူအောင်လုပ်တဲ့အခါတို့ ဆိုရင် မတူတာလေးတွေတို့ အဆင်မပြေတာတွေတော့ရှိတာပေါ့။ ဒါကလည်း ဘဝခံယူမှုရယ်၊ တိုင်းတဲ့ပေတံမတူတာရယ်လည်းပါမှာပေါ့။
Parts of my life in one blog.
Comments
Post a Comment