Team တစ်ခုဆိုတာထက် တကယ်က ကုမ္ပဏီ တစ်ခုအတွက် strategy တစ်ခု build နေတဲ့သဘောပါ။ နှစ်လတာ လုပ်ပြီးဘာထူးခြားလာလဲဆိုတော့ အိတ်ကပ်ပါးလားတာပဲ။ အိပ်ကပ်ဆိုမှာတော ကပ်မှာပေါ့ :P။ တကယ်လည်းထူးခြားလာတာတွေတော့ရှိပါတယ် team members တွေ အချင်းချင်း trust တိုးလာတာတို့။ အချင်းချင်း လျှိုထားတာမရှိပဲ တည့်ပြောတာတို့ တစ်ယောက်အလုပ်ကိုတစ်ခြားတစ်ယောက်ကဝင်ကူပေးတာတို့ တော့တော်တော်ကိုထူးခြားလာတယ်။ အများနဲ့ အလုပ်လုပ်ရတယ်ဆိုတာ တကယ်တမ်းကလွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဥပမာ ရုံးလာပြီးတော့ ဘာမှ အလုပ်မဖြစ်ဘူးဆို အလုပ်လုပ်တဲ့လူလည်းမကောင်းဘူး အလုပ်ရှင်အတွက်အဆင်မပြေဘူး။ အဲ့လိုပြောလို့ အလုပ်တိုးလုပ်ပြီး မယောင်နဲ့လို့ပြောရအောင် ကိုယ်ကအခုလခပေးနိုင်တာလည်းမဟုတ်ဘူး။ တကယ်တမ်း လခပေးထားတယ်ဆိုရင်လည်း အဲ့လို့ပြောတာက ဖြေရှင်းနည်းမဟုတ်သေးဘူး။ ဒီလိုပါပဲ အလုပ်ဆိုတော့လည်းနည်းနည်းတော့ အခက်အခဲ အကြမ်းအတမ်းလေးတွေတော့ရှိမှာပေါ့။ အစပိုင်းဆိုတော့ပိုဆိုးတာပေါ့။
Parts of my life in one blog.
Comments
Post a Comment