Skip to main content

အရိုးကြေကြေ အရည်ခမ်းခမ်း တက္ကသိုလ်ကျောင်းသား

ကိုယ့်ဘဝကိုယ်ပြန်စဉ်းစားရင် တစ်ခါတစ်လေ အချိန်ပိုမရှိလို့တိုင်ပတ်နေတာက ခက်တယ်။ တက္ကသိုလ်တတ်လာတာလည်း ၄​နှစ်ရှိတော့မယ်။ ကျောင်းတတ်လာတဲ့တစ်လျှောက်လုံးလည်း နောက်ဆုံး ကနေထိုင်နေပြီးတော့ အေးဆေးနေခဲ့တာ။ တတိယနှစ်တတ်တော့မှပဲ တိုင်ပတ်တော့တယ်။ တစ်ကောင်တည်း ထိုင်ပြီးတော့ သိတဲ့လူကလည်းမရှိ၊ မေးပြောခေါ်ထူးလောက်ပဲရှိတဲ့လူတွေနဲ့ ပဲဒီလိုပဲ တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းခဲ့တာ first term တောင်ပြီးလို့ second term ရောက်ပြီ။ တစ်ယောက်ထဲ ဘယ်သူနဲ့မှ စကားမပြောပဲ နေတာကတော့ ထမင်းစားရေသောက်ဆိုပေမဲ့ ကိုယ့်ကိုယ်စကားလာပြောတဲ့ သူတွေက ကိုယ်အောက် ၁ နှစ်လောက်ငယ်ပြီး ၁ နှစ်လောက်တွေးခေါ်ပုံကွာတဲ့ အခါ ပြောရဆိုရတော်တော်လက်ပေါက်ကပ်တယ် ။ key ညှိလို့မရတာလောက်ထိတော့ မဟုတ်ပါဘူး။ သေချာစဉ်းစားကြည့်ရင်သူတို့ တွေးပုံလေးတွေကလည်း တစ်ခါတစ်လေ စိတ်ဝင်စားဖို့တော့ကောင်းသား။

Comments