Skip to main content

ဘဝ အတွက် ငွေကြေး ချိန်တွယ် တိုင်းတာသုံးစွဲပုံ

တကယ်တော့ ငွေရေးကြေးရေးဆိုတာ ဘဝမှာ ထုတ်ပြောလို့မကောင်းတဲ့အရာတွေထဲက တစ်ခုပါ။ ဒီနှစ်အစအတွင်းကိုယ်တိုင် ဝင်ပါပြီးတော့ ဖြေရှင်းလိုက်ရတဲ့ ငွေရေးကြေးရေးကိစ္စတွေကများလာတော့ ကိုယ့်ဘာသာကိုယ်တောင် မနည်းပြန်စဉ်းစားယူရတယ်။ တစ်ခါတစ်လေကိုယ်တိုင် သုံးတာလည်းသုံးတာပေါ့၊ ဒါပေမဲ့ သေသေချာချာ မကိုင်တွယ်တတ်ရင် ပြဿနာတတ်တဲ့ထဲမှာ ဒီကိစ္စကလည်းတစ်ခုအပါအဝင်ပဲဆိုတော့ ကိုယ်ဘာသာကိုယ်ပြန်ပြီးတော့ဆင်ခြင်လို့ရအောင်လို့ ရေးလိုက်တာပါ။ တန်း၊ တန်းလောက် ကစပြီးတော့ ဝယ်ချင်တာလေးတွေရှိရင် ကိုယ်ဘာသာကိုယ်ဝယ်နိုင်အောင် တော့ရသမျှ မုန့်ဖိုးတွေ၊ အံပေါင်းတွေစုဖြစ်တယ်။ အဲ့တုန်းကတော့ဝယ်ချင်တာရှိရင် ရှိသမျှအကုန်ထုတ်ပြီး ဝယ်လိုက်တာပဲ။ အနည်းဆုံးတော့ ပစ္စည်းကိုတန်ဖိုးထားတတ်တာပေါ့။ ဒီလိုနဲ့ ၁၀ တန်းနှစ်နဲ့ ပထမနှစ်ကာလမှာဆိုရင် သူငယ်ချင်းတွေနဲ့သွားတဲ့အခါတို့ ကိုယ်ဘာကိုယ်သွားလာတဲ့အခါတို့၊ ကော်ဖီတိုက်စရာ အကြောင်းအရာတွေ ဖြစ်လာရင် မုန့်ဖိုးမတောင်းပဲ တန်းသွားလို့ရအောင် အပိုဝင်ငွေချန်ထားဖြစ်တယ်။ အဲ့အချိန်တုန်းကတော့ အပိုဝင်ငွေဆိုတာ တစ်နေ့ပိုတဲ့မုန့်ဖိုးတို့ weekend မှာ ပိုတဲ့ မုန့်ဖိုးတွေလောက်ပဲရှိသေးတယ်။ ဒုတိယနှစ်ရောက်မှ freelance စလုပ်တော့မှ​​ ရတဲ့ဝင်ငွေကို bank ထဲမှာ ထားဖြစ်တယ်။ freelance လုပ်တာက very first job တော့မဟုတ်ပေမဲ့ very first job တုန်းကရတဲ့လခ တွေကတော့ သုံးလိုက်တာနောက်ဆုံး android one တစ်လုံးပဲ အဖတ်တင်တယ်။ ဒါပေမဲ့ freelance စလုပ်ထဲ က အိမ်နဲ့ ပြဿနာတတ်ရင် လမ်းဘေးမရောက်အောင်တော့ စုထားဆောင်းထားတာလေးတွေတော့ရှိတယ် :P အနည်းဆုံးတော့ ကိုယ်စုထားတာလေးနဲ့ဆိုရင်တော့ လောက်ကတော့ လည်ပတ်လို့ရအောင်တမင်ချန်ထားတယ်။ တစ်ခါတစ်လေ phone က hang လာလို့ အသစ်ဝယ်မယ်လို့တွေးလိုက်ရင်၊ ဝယ်ပြီးရင်ဘာလုပ်မှာလဲလို့ ပြန်စဉ်းစားပြီးတော့မဝယ်ဖြစ်တော့ဘူး။ (မွေးနေ့လက်ဆောင်ရခဲ့ရင်တော့ အမြတ်ပေါ့) :) ကိုယ့်အတွက်အကောင်းဆုံး ဆုံးမစကားကတော့ဆင်ပိန်သွားရင်တောင် ကျွဲလောက်တော့ကျန်ရမယ်ဆိုတာပဲ။ အဘွားပြောသလိုဆိုရင်တော့ ကိုယ့်မှာဘာရှိလဲဆိုတာ ထုတ်ပြောစရာမလိုဘူး၊ ထုတ်ကြွားဖို့အတွက်လဲ ရှာစရာလိုဘူး။ ကိုယ်တိုင်လည်း ဘာလိုအပ်နေလဲ ကိုယ်ဘာမလိုအပ်ဘူးလဲဆိုတာကို သိပြီး ကိုယ့် ဘဝမှာငွေရေးကြေးရေး ကို မဆိုးရွားအောင် စီမံတတ်လာတယ်။

Comments