Skip to main content

တစ်ပတ်ခုနစ်ရက် ကျောင်းတတ်ခြင်းအနုပညာ

MCC မှာ BIT ဘွဲ့ယူမယ်ဆိုတဲ့ အတွေးနဲ့ UCYS second year စစချင်းတတ်တဲ့ နှစ်ရဲ့ second term မှာ စတတ်လိုက်တာ UCSY က second year ပါ ရပ်နားတင်လိုက်ရတယ်။ ကိုယ်တိုင်လည်း မဖြေချင်တာလည်းပါတာပေါ့။ MCC မှာ စတတ်တော့ L4DC ကိုကျော်ပြီးတော့ L5DC တန်းပြီးတတ်လို့ရလို့ တစ်နှစ် အချိန်ကုန်သက်သာတာပေါ့လို့တောင်တွေးလိုက်မိသေးတယ်။ L5 မှာ စုစုပေါင်း ဘာသာရှိသာ ဘာသာအောင်ပြီးတော့ တစ်ဘာသာကကွက်ကျနေတယ်။ အဲ့ဒါနဲ့ ကျနေတဲ့ဘာသာကို နောက်တစ်ကြိမ်ဖြေပေါ့။ ဒုတိယ အကြိမ်ဖြေတော့လည်း WWDC ကြည့် ကိုယ့် project နဲ့ ကိုယ်တိုင်ပတ် နဲ့ ကျပြန်ရော။ တတိယ အကြိမ်ပြန်ဖြေမှပဲအောင်တော့တယ်။ ကိုယ့်ဘာကိုယ်အမှန်အကန်ကျနေ​​နဲ့တာပဲ ကျော်ပြီးတတ်ခဲ့တဲ့ L4DC အချိန် တစ်နှစ်ကို ပါဖြုန်းလိုက်သလိုဖြစ်သွားတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ ကိုယ်အကြောက်ဆုံးကိုပြောပါဆိုရင် အချိန်အလဟသကုန်မှာနဲ့ နောက်တစ်ချိန်ပြန်တွေးရင်နောင်တရမှာကိုပဲ။ တတိယအကြိမ်ဖြေပြီး ထွက်လာတာနဲ့ ဆရာမတွေက အောင်တယ်ထင်ရင် BIT ကို နောက်နှစ်ပတ်နေရင်လာတတ်လို့ပြောလိုက်တယ်။ ကိုယ်တိုင်ကတော့ အောင်မယ်လို့တွက်ထားတာနဲ့ Weedend မှာ BIT စတတ်လိုက်တယ်။ အဲ့မှာစပြီးတော့တိုင်ပတ်တော့တာပဲ၊ အရင်ကလည်းတစ်ပတ်၇ ရက်လုံးကျောင်းတတ်ဘူးပင်မဲ့ အဲ့တုန်းကတော့ serious ကြီးမဟုတ်တာနဲ့ သတိမထားမိဘူး။ အဲ့တုန်းကလည်း Rinda ကို run သေးတာလည်းပါတာပေ့ါ။ Rinda ကို run တာမှာ တစ်ပတ်မှာ ရက် သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ရက် run တာ။ စနေ၊ တနင်္ဂနွေ ကိုယ်ကကျောင်းသွားနေတော့ available မဖြစ်ဆုံးက ကိုယ်ဖြစ်နေတယ်။ run နေတာကိုရပ်လိုက်ရင်ကောင်းမလားဆိုတော့လည်း မရပ်ချင်ဘူး။ အဲ့လိုနဲ့ပဲကျောင်း ခုနစ် တတ်ရင်းအားတဲ့အချိန်လေးအတွင်း ရုံးအတွက် income ရှာရတာပေါ့။ အားတဲ့အချိန်လို့သာပြောတာ အားတဲ့အချိန်တောင်မရှိသလောက်ဖြစ်နေတယ်။ အရင်တုန်းကဆိုရင် အားတဲ့ အချိန်လေးဘာလုပ်မယ်လို့ တွေးဖြစ်ပင်မဲ့ အခုတော့ တွေးဖို့တောင် အချိန်မရှိဖြစ်နေတယ်။

Comments