လူတိုင်းကို မယုံတတ်တာတော့ အမှန်ပဲ။ ရွှေဖြစ်ကြောင်းကို ဖယောင်းနဲ့ သက်သေပြနိုင်ပေမဲ့ လူတစ်ယောင်ရိုးသားကြောင်းကို သက်သေပြဖို့ခက်တာ အမှန်ပဲ။ အမေ ပြောတာတော့ အသိဆို ငပိတောင် မယုံရဘူးတဲ့။ လူတစ်ယောက်ရဲ့ စရိုက်ကို ၁ နှစ်လောက်ပေါင်းကြည့်ရင် ကိုယ်နဲ့ စရိုက်တူလားမတူလားခွဲခြားလို့ရပါတယ်။ ဒီထက်ပိုမြန်မြန်သိချင်ရင် တော့ခရီးတူတူသွား ကြည့်လိုက် ဘယ်သူက ဘယ်လိုစိတ်ထား ဘယ်လိုစိတ်ဓါတ် ရှိတယ်ဆိုတာ ထင်းခနဲ ပေါ်လာလိမ့်မယ်။ အဲ့ တော့လဲ့ကိုယ့်ကိုယ် ဆင်ဆင်ခြင်ခြင်နေလို့ရတာပေါ့။ လူဆိုတာလဲ တော်တော်ဇယားရှုပ်တဲ့ အမျိုးဗျ။ ပူစရာမရှိတာကို ရှာပူမယ်၊ ဘာမဟုတ်တာလေးကို စိတ်တိုမယ်။ ဒါကပုံမှန်ပဲ။ အဲ့လိုမဟုတ်ရင်တော့ ပုံမှန်မဟုတ်တာတော့ အမှန်ပဲ။ တစ်ခါတစ်လေ ငါကွ ဆိုပြီးတော့လုပ်ချင်တာလုပ်လို့မရဘူး၊ ဘာမဆိုစဉ်းစားပြီးလုပ်မှ ဘဝကိုပုံမှန် ဖြတ်သန်းလို့ရမှာ။ ကိုယ်တိုင်လည်း ပုထုစဉ် လူသားတစ်ယောက်ဆိုတော့ လည်း တစ်ခါတစ်လေ တိုင်ပတ်တဲ့အခါတွေရှိတာပေါ့။
Parts of my life in one blog.
Comments
Post a Comment