၂၀၂၀ ရောက်ရင် တိုင်မပတ်အောင်ကိုယ့်ဘာသာ သတိပေးစာရေးရင်းများသွားတော့လဲ ကြိုတင်သတိပေးစာပေါ့။
- သေချာတာကတော့ ဘွဲ့တစ်ခုတော့ ရနေမှာပဲ။
- နောက်ဘွဲ့ တစ်ခုပြီးဖို့ကတော့ လပိုင်းလောက်ပဲ လိုတော့ မယ်။
- ပြဿနာက ကိုယ်တိုင် startup နဲ့ စလုပ် ရမလား ဝန်ထမ်းအနေနဲ့ လုပ်ရမလား စဉ်းစားရင်းတိုင်ပတ်တော့မှာ။
- တတိယ option ကတော့ ဘာလုပ်ရမှန်း မသိတာနဲ့ အိမ်ကို Master or MBA တတ်မယ်ဆိုပြီး SG or Thailand မှာ တစ်နှစ်လောက် အချိန်ဖြုန်း ဖို့ ပြောမိမှာ အမှန်ပဲ။
- အတတ်နိုင်ဆုံးတော့ မပြောမိအောင် နေရမယ်၊ ကျောင်းတတ်တာ မလွယ်မှန်း မေ့သွားလို့မဖြစ်ဘူး (ဒါပေမဲ့ UCSY ထက်သာမှာတော့အမှန်ပဲ)
- Startup လုပ်ရတာ ထင်သလောက်မလွယ်မှန် real world stories တွေလည်းကြားဖူးနေသလို ကိုယ်တိုင်လည်းကြုံဘူးတာ အမှန်ပဲ။
- အဲ့တော့ ဒီနိုင်ငံမှာ မလုပ်ပဲ တခြားမှာ အလုပ်သွားလုပ်ဖို့စဉ်းစားမိလိမ့်မယ်။
- တခြားနိုင်ငံမှာ ဆိုရင်တော့ startup ကတော်တော်ကို မလွယ်ဘူး။
- ဒါပေမဲ့ ၂၀၂၀ မှာရွေးကောက်ပွဲရှိမှာဆိုတော့ အခြေအနေက စောင့်ကြည့်ရမယ့် အနေအထားပဲ။
- မယ်မယ် ရရစုမိဆောင်းမိ မယ်လို့တော့ မထင် ပုံမှန် out sources ရေးထားသလောက်ပဲရှိလိမ့်မယ်။
- တွေးထားတာကတော့ အသက် ၃၀ လောက်ဆိုရင် retire လုပ်မယ်လို့စဉ်းစားထားတာပဲ။
- ဖြစ်အောင် အကောင်အထည်ဖော်ရမှာကတော့ ကိုယ့်တာဝန်ပဲလေ။
Comments
Post a Comment