"ရေးထားတဲ့ခေါင်းစဉ်အတိုင်းပဲ တကယ် ဘာလုပ်ရမှန်းမသိဖြစ်သွားတဲ့ နှစ်လို့လည်းပြောလို့ရတယ်။ တစ်ခါတစ်လေလဲ ဘာလုပ်ရမှန်းမသိတဲ့အချိန်တွေတော့ရှိတတ်တာပေါ့။ ဒါပေမဲ့ ကိုယ်တိုင်လုပ်ထား တဲ့ plan လေးတွေရှိတော့ လုပ်စရာ မစဉ်းစားတတ်တဲ့အချိန်ဆိုရင် flow အတိုင်းဆက်လုပ်လိုက်ရုံပဲ။ မဆိုးဘူးလို့ပဲ ပြောရမှာပေါ့။"
အချိန်အခါ
ဒီနှစ်မှာတော့ ကိုယ်တိုင်ဘာလုပ်နေမှန်းကို မသိနိုင်လောက်အောင်ပဲ။ တစ်ခါတစ်လေ code ရေးချင်တဲ့ အခါမှာ docs တွေရေးနေရတာတို့၊ game ဆော့ချင်တဲ့ အချိန်မှာ code ရေးလိုက် docs ရေးလိုက်လုပ်နေရတာတို့၊ တကယ်တမ်း docs ရေးရမဲ့ အချိန်လဲရောက်ရော game ဆော့လိုက်၊ tutorials ကြည့်လိုက်နဲ့ ဟုတ်နေတာပဲ။ အချိန်မဟုတ် အခါမဟုတ်တွေလုပ်နေပင်မဲ့ အားလုံးကို အချိန်မှီပြီးတယ်ဆိုတော့ မဆိုးဘူးလို့ပဲပြောရမှာပေါ့။ လာမဲ့ ၂၀၁၉ မှာတော့ ကိုယ့်ဘာကိုယ် ဘာလုပ်ချင်တယ်ဆိုတာ သေချာ စဉ်းစားရမယ်။
အပေါင်းအသင်း
မထင်မှတ်ထားတဲ့ ပြောင်းလဲမှုလို့တောင် ပြောလို့ရတယ်။ နှစ်စထဲ က အသိတွေတော်တော်များများရတယ်။ များသောအားဖြင့် အလုပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ခင်တာကပိုများတယ်။ အရင်က သိပြီး အလုပ်တွဲလုပ်ဖြစ်တဲ့လူတွေလဲရှိတယ်။ နှစ်လယ်ပိုင်းလောက်မှာ MCC third year တတ်ရတော့ အရင်ကမြင်ဖူးတွေ့ဖူးတဲ့ လူတစ်ချို့နဲ့ပါ တစ်ခန်းထဲတူတူတတ်ရတယ်။ အဲ့တော့မှာ developers တွေ business လုပ်နေတဲ့လူတွေနဲ့ ပိုပြီးတော့တောင်အသိများလာတယ်။
တာဝန်ယူမှု၊ အလုပ်အကိုင်
ရုံးလုပ်နေတာလဲ တစ်နှစ်ကျော်လာပြီးဆိုတော့ သိတာလာကတော့ ရုံးနဲ့ ပတ်သက်လို့ တစ်ခုခုဆိုကိုယ်တိုင်တာဝန်ယူပြီးတော့ ရှင်းရတာပဲ။ ဒီကြားထဲ က ရုံးကိုပြင်လိုက်တော့ ကိုယ်တိုင် အချိန်ရော၊ ပြင်တဲ့ စရိတ်တချို့တစ်ဝက်ကို စိုက်လိုက်ရတယ်။ အဲ့တော့မှ ပဲကိုယ့်တိုင် freelance ဌားရတဲ့ခံစားချက်ကိုရလာတယ်။ ရုံးပြင်တာ contract နဲ့လုပ်တာမဟုတ်ပဲနဲ့ ပုတ်ပြတ်ဌားတာဆိုတော့ ကြီးကြပ်မဲ့လူမရှိဘူး။ ကြားထဲက ကိုယ်ကစာမေးပွဲဖြေ အဖေကလည်း အလုပ်နဲ့မအားဆိုတာနဲ့ ကြီးကြပ်မဲ့လူမရှိပဲနဲ့ အီကြာကွေးပူး နေကြရော။ စာမေးပွဲပြီးတော့ မှကိုယ်တိုင်နေ့တိုင်း baby sitter သွားလုပ်ရတယ်။ အဲ့တော့မှ ကိုယ် freelance လုပ်တုန်းက clients ကိုဒုက္ခပေးခဲ့တာတွေ ပေါင်းပြီးတော့ဝဋ်လည်တော့တာပဲ။ အဲ့တော့ မှ ရုံးပြင်တဲ့ လူတွေက လစ်ရင်လစ်သလို အချိန်ခိုးတဲ့လူတွေလဲရှိသလို၊ အလုပ်လုပ်နေတဲ့လူလဲရှိတယ်။ လူတွေစုမိရင် စကားထိုင်များနေတယ်။ မကြာသင့်တာကိုပိုကြာအောင်လုပ်တယ်။ ကြွေပြားတွေခွာတာ တစ်ပြားခွာရင် နောက်တစ်ပြားပါအပိုကုန်အောင်လုပ်တယ်။ စုံနေတာပဲ။ ကိုယ်တိုင်လဲတစ်ခါတစ်လေ မလုပ်ချင်တဲ့နေ့တွေဆို အလုပ်မလုပ်တဲ့ အခါတွေတော့ရှိတာပေါ့။ ဒါပေမဲ့ ကိုယ်သာ သူတို့လိုအချိန်ခိုးလို့က တော့ client ပါငိုသွားမယ်။
အလုပ်နဲ့ မတူတဲ့အလုပ်
အမှန်တော့ ကိုယ်တိုင်ရုံးလုပ်တဲ့အခါ အလုပ်လုပ်ရတယ်လို့မထင်ရအောင် လုပ်ချင်တာဆိုတော့၊ အဲ့လိုဖြစ်အောင်ကို ကြိုးစားနေပါတယ်။ ၂၀၁၈ နိုဝင်ဘာ ၂၁ ရက်နေ့ ဆိုရင် Rinda run လာတာတစ်နှစ်ပြည့်ပြီ။ ဒီဇင်ဘာတစ်လလုံး ရုံးမှာပဲ အိပ်တယ်၊ ရုံးမှာပဲစားတယ်၊ ဝတ်စရာ အဝတ်ကုန်မှ အိမ်ပြန်တယ်။ အကျိူးရလဒ်ကတော့ weight ချပြီးသားဖြစ်သွားတာပဲ။ နဂိုထဲက skeleton သာသာပဲရှိတာကို weight ချလိုက်တော့ တွေးသာကြည့်လိုက်တော့။
၇ ရက်တတ်ရသောကျောင်း
UCSY third year second semester လောက်မှာ BIT က first semester စတတ်ရတယ်။ L5 ကအောင်စရင်းမထွက်ခင်တတ်လိုက်တာဆိုတော့ ပိုပြီးတော့စောသွားတယ်တတ်တာ။ weekdays ဆိုရင် UCSY မှာကျောင်းတတ်၊ weekend ဆိုရင် MCC မှာတတ်နဲ့ ကြာတော့ အူကြောင်ကြောင်ဖြစ်လာတယ်။ ကိုယ်တိုင်ကလည်းအချိန်ပြည့်တတ်တာလည်းပါတာပေါ့။ Fourth တတ်တော့လည်းမထူးပါဘူး၊ BIT second semester နဲ့တူတူဖြစ်သွားတော့ ၇ ရက်ကျောင်းတတ်ရတာပုံမှန်ဖြစ်လာပြီး အားနေရင် အစိုးရရုံးပိတ်ရက်ပဲ မျှော်နေရတယ်။ ဘာလို့လဲဆိုတော့ ရုံးပိတ်ရက်ဆိုရင် ကျောင်း၂ခုလုံးပိတ်တာကို။ ကျောင်းပိတ်ရက်ဆိုတော့မှ ရုံးမှာနည်းနည်းပါးပါး အေးအေးဆေးဆေးနေရတယ်။
အသုံး အဖြုန်း
ဖြုန်းတယ်လို့လည်း ပြောလို့ရတယ်။ ရွေးရခက်တယ်လို့လည်းပြောလို့ရတယ်။ ဒီနှစ်အတွင်း subscription plans တွေတော်တော်များများစမ်းကြည့်ရင်းနဲ့ တော်တော်ကုန်သွားတယ်။ ကုန်ကျစရိတ်များလာလို့ နှစ်ကုန်ပိုင်းလောက်မှာတော်တော်များများပြန်လျှော့လိုက်ရတယ်။ စမ်းတယ်ဆိုတာလည်းတော်ရုံတန်ရုံပဲကောင်းတယ်။ ဒီနှစ်အတွင်း စမ်းဖြစ်တဲ့ subscription တွေထဲမှာဆိုရင် သဘောအကျဆုံးကတော့ busuu ပဲ။ တော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရတယ်။ Duolingo ထက်သာသွားတာက certificate ပေးတာရယ်၊ test တွေဖြေလို့ရတာပဲ။ Subscription တွေအပြင် ရွေးရခက်ပြီးဘာဝယ်ရမှန်းမသိလို့ ၂ခုလုံးဝယ် ဖြစ်တဲ့ games တွေလဲရှိတယ်။ ဒီဇင်ဘာလအတွင်း ရှိသမျှအကုန် စုပြီးဝယ်ထားတာကတော့ WOW ပဲ။ ဒီရက်ပြီးဂိမ်းတော်တော်ဆော့ဖြစ်ပြီး quests တွေကိုက်နေလို့ ဒီ post ကိုတောင်တော်တော်အချိန်ပေးပြီးရေးလိုက်ရတယ်။ ကြီးလာမှ ဂိမ်းတွေပဲလှိမ့်ဆော့နေတာ ကောင်းတာတော့မဟုတ်တာအမှန်ပဲ။ တစ်ခါတစ်လေ ကိုယ့်လက်ရှိဘဝထက် virtual world ထဲကဘဝ ကပိုပြီးတော့ ပျော်စရာကောင်းတာတော့အမှန်ပဲ။ ၂၀၁၉ မှာတော့ အချိန်သတ်မှတ်ပြီးတော့ ဆော့မှဖြစ်မယ်။ မဟုတ်ရင် မလွယ်ဘူး။ ကျောင်းနှစ်ခု နဲ့ဆို။Code အစားထိုး Docs များ
ဒီတစ်နှစ်လုံး အားနေ proposal ရေးရ၊ project scope ရေးရနဲ့ code တောင်သိပ်မရေးဖြစ်တာတော့အမှန်ပဲ။ နောက်ပိုင်း ရုံးလုပ်ဖြစ်ရင်တော့ပိုပြီးတော့ မရေးဖြစ်မှာသေချာတယ်။ တတ်နိုင်သမျှတော့ အားတဲ့ အချိန်လေးပဲရေးရတော့မှာပဲ။
မိသားစု
၂၀၁၈ တစ်နှစ်လုံး အဖေနဲ့ က အလုပ်ကိစ္စရယ်၊ ကားကိစ္စရယ်က လွဲပြီးတော့အပိုသိပ်မပြောဖြစ်ဘူး။ အားနေ အလုပ်ကိစ္စပဲပြောနေတော့ ဖုန်းဆက်တာနဲ့ အလုပ်ကိစ္စတစ်ခုခုပဲဆိုတာ ခန့်မှန်းလို့ရတယ်။ ကိုယ်ဘာသာ တစ်ယောက်ထဲ အလုပ်တွေနဲ့ရှုပ်နေပြီးတော့၊ တစ်ခါတစ်လေ အလုပ်ကိစ္စတွေပဲလှိမ့်ပြီးပြောဖြစ်နေတော့ ဂိမ်းဆော့တဲ့အခါ အဆင်မပြေတာတော့အမှန်ပဲ။ 😂
နှစ်သစ် Plan
၂၀၁၈ မှာတော့ Nanodegree ပြီးအောင်တတ်မယ်တွေးထားတာ အကြွေးတွေပြန်မရနဲ့၊ ရုံးပြင်တာနဲ့၊ ဂိမ်းတွေဝယ်ပလိုက်တာနဲ့ မတတ်ဖြစ်လိုက်ဘူး။ ၂၀၁၉ မှာတော့ တတ်နိုင်အောင် plan ရမယ်။
Comments
Post a Comment