Skip to main content

အချိန်တန်ရင်

အချိန်တန်ရင်ဖြစ်သွားမှာပါဆိုတာကတော့ မြန်မာလူမျိုးတွေအတွက်ကတော့ကြားနေကြစကားလို့တောင်ပြောလို့ရတယ်။ ဒီရက်ပိုင်းအောင်စာရင်းကလည်းထွက်ပြီးပြီဆိုတော့ စိတ်ထဲမှာမတင်မကြနဲ့ အမှန်အတိုင်းပြောရရင် နောက်တစ်နှစ်ပြီးတာနဲ့ ဘွဲ့ရပြီပဲ။ ပိုဆိုးတာကရမယ့်ဘွဲ့နဲ့ ကိုယ်နဲ့တန်ရဲ့လားဆိုပြီးတော့ စိတ်ထဲမှာ psycho ဝင်လေ့ရှိတယ်။ 
ကိုယ်တစ်ယောက်ထဲလားဆိုပြီးတော့ Online မှာရှာကြည့်တော့ အများကြီးပဲကိုယ့်လိုလူတွေအများကြီးပဲ။ အဲ့ထဲကမှ အကြိုက်ဆုံးအဖြေက တော့


You've finished your degree. Congratulations! You're now ready to start learning.
Also, don't worry about what you don't know. Hopefully the feeling that "I know nothing about anything; the more I learn the less I know!" will never go away. If it does, you'll know your brain's stopped working.

Third year တတ်တော့ Assembly သင်ရတယ် အဲ့မှာ တစ်ယောက်ကလာပြီးတော့ assembly သင်ပေးပါလားဆိုတော့ ကိုယ်တိုင်တောင် သေချာမသိတာသူ့သင်ဖို့ဆိုဝေးလားဝေး အဲ့ဒါနဲ့သူရတဲ့ programming language ကို နည်းနည်းပါးပါးတီးခေါက်ကြည့်ပြီးတော့ အဲ့ဒါပဲသေချာအရင်လုပ်လိုက်ပါဆိုပြီးတော့ ပြန်ပြောလွှတ်လိုက်ရတယ်။ အမှန်ကကိုယ်တိုင်တောင် lab ဖြေမဲ့နေ့မှ အမှန်အကန်ကြည့်တာ ကံကောင်းလို့ output လေးထွက်တာ။
Computer Science ဘွဲ့ဆိုတာ အမှန်အတိုင်းပြောရရင် စစတတ်ချင်းတုန်းကတော့အရမ်းကြီး serious မဖြစ်ပင်မဲ့ လွန်ခဲ့တဲ့၃ နှစ်လောက်တုန်းကသေမတတ်လိုချင်ခဲ့တဲ့ဘွဲ့ လို့ပြောရင်ပိုမှန်လိမ့်မယ်။ လူတွေကသူများမှာရှိတာထက်စာရင် မရှိတာကိုပိုပြီးတော့သတိထားမိတာသဘာဝပဲ။ ပထမ bachelor တုန်းကတော့ နောက်ဆုံး presentation လုပ်တဲ့နေ့မှဆရာက Software development model ကို brief လုပ်တာမှားလို့ ကိုယ့်မှာ SE knowledge တော်တော်လိုသေးပါလားဆိုပြီးတော့ တစ်ပတ်လောက် တွေးမိသေးတယ်။ အဲ့နောက်ပိုင်းတော့ စိတ်ထဲမေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်။ ကိုယ်တိုင်ကလည်း naming တွေနဲ့ပတ်သက်ရင်နည်းနည်း serious ဖြစ်တော့ ဒီ နာမည် ဒီနေရာ ဒီဂုဏ်ပုဒ်က ကိုယ်နဲ့ထိုက်တန်ရဲ့လားလို့က ခဏခဏ တွေးဖြစ်တာတော့အမှန်ပဲ။
Computer Science နဲ့ပတ်သက်လာရင် industry ထဲမှာက deeply စကားပြောဖြစ်တဲ့လူက freelance လုပ်တုန်းက ၂ယောက်လောက်ပဲတွေ့ဖူးတယ်။ တစ်ယောက်ကတော့ computer science နဲ့ပြီးထားတာမဟုတ်ပင်မဲ့ သူပြောတဲ့ တချို့ terms တွေဆို ကိုယ်တောင် google သွားခေါက်ကြည့်ရတယ်။ ဒါပေမဲ့ သူ့ဘွဲ့ကတော့ IT realted ဆိုတော့ မစမ်းပါဘူးပေါ့။ နောက်တစ်ယောက်ကတော့ first year လောက်တုန်းကတွေ့ဘူးတာ ပြီးတော့ ဘွဲ့ကရိုးရိုး Dagon ကဘွဲ့ဆိုတော့ အဝေးသင်တတ်တဲ့လူတွေကပိုပြီး CS ပိုင်း ပိုသိတယ်လို့တောင်ထင်လိုက်မိတာ ဘယ်ဟုတ်မလဲ သူက industry ထဲမှာ ၁၀ နှစ်လောက်ရှိပြီ။
CS နဲ့ပတ်သက်ရင် အလုပ်ပါမလုပ်တော့ ပဲကျောင်းမှာပဲသေချာလေ့လာတော့မယ်ဆိုပြီးတော့ ဖြစ်စေခဲ့တဲ့မေးခွန်းတွေရှိတယ်။ အဲ့ဒါတွေကတော့

  1. Lexical analyzer နဲ့ parser ဘာကွာလဲ?
  2. Formal algorithm တစ်ခုကို name ကြားတာနဲ့ implement လုပ်နိုင်လား?
  3. Process တွေကို mutual exclusion မဖြစ်အောင်ဘယ်လိုလုပ်ရမလဲ?
  4. ဒီ process အတွက် computing power ဘယ်လောက်လိုမလဲ?
  5. Routing table ကို ဘယ်အချိန်မှာ update လုပ်လဲ?
အပေါ်ကမေးခွန်းတွေကတော့ မှတ်မိသလောက်ပြန်ရေးထားတာ အမှန်ကတော်တော်များများရှိတယ်။ အဲ့တုန်းကဆို ကိုယ်ဖြေနိုင်တာ နံပါတ် ၅ တစ်ခုပဲရှိတယ် အခုတော့ အကုန်လုံးကို နည်းနည်းပါးပါးကြားဘူးနားဝရှိတယ်ဆိုတာလောက်ပဲရှိပါသေးတယ်။ တစ်ခါတစ်လေစဉ်းစားလိုက်ရင်ကျောင်းပဲသေချာတတ်တော့မယ်ဆိုပေမဲ့ ကျောင်းမှာသင်တာကတော့ နည်းနည်းလိုတာလေးတွေတော့ရှိတယ်။ ဒါပေမဲ့လည်းဘယ်တတ်နိုင်မလဲ ကိုယ်တိုင်ပြန်လေ့လာပေ့ါ။





Comments