Skip to main content

ငါမဟုတ်တဲ့ ငါ

တစ်ခါတစ်လေသူများကို ပုတ်ခတ်ပြောဆိုတာတွေ သူများကို ချိုးနှိမ်ပြောတာတွေက လူမှုဘဝ နေထိုင်မှုမှာတဖြည်းဖြည်းနဲ့ သာမာန် ကိစ္စရပ်လိုဖြစ်လာတယ်။ တခြားလူတွေရဲ့ ဖြစ်တည်မှုတွေကိုလိုက်ဝေဖန်ရင်း ကိုယ်တိုင်သူတို့လို့ဖြစ်မှန်းမသိဖြစ်လာတာကို မသိလိုက်ဘူး။ တဖြည်းဖြည်းနဲ့ ကိုယ့်လုပ်ရပ်မှန်ရဲ့လား ဆိုတာကိုသံသယ ဝင်ရင်းနဲ့ ဖြတ်သန်းရတဲ့နေ့တွေများလာတယ်။ ငါမဟုတ်တာကို ငါလို့ဘယ်လိုဖော်ပြရင်ကောင်းမလဲလို့စဉ်းစာတော့ မဖော်ပြတာပဲ အကောင်းဆုံးပေါ့။ ဘယ်သူကတော့ ဘယ်လိုကြောသွားတယ်၊ ဘယ်သူကတော့ အကွက်ပြသွားတယ် ဆိုပြီး ထိုင်ကြည့်နေရုံကလွဲပြီးတော့ မတတ်နိုင်ခဲ့ဘူး။ မတူညီတဲ့ အကျင့်တွေကို မပြောင်းလဲဖို့ကြိုးစားရင်း..... သာမာန်နေ့ရက်လေးမျှသာ


Comments