"ဖြစ်ချင်တာတွေ၊ ဖြစ်ချင်ခဲ့တာတွေ၊ ဖြစ်နေတာတွေက မှန်းထားသလိုဖြစ်လိုက်မဖြစ်လိုက်ဆိုတော့ နောက်ဆုံး ခေါင်းစဉ်အတိုင်းဖြစ်သွားတယ်"
အချိန်အခါ
နှစ်စထဲကက တက္ကသိုလ်က နောက်ဆုံးနှစ်ဖြစ်တာကြောင့် ကျောင်းသားလိုကောင်းကောင်းနေကြည့်တာပေါ့လို့ဆုံးဖြတ်ပြီးတော့ lecture တွေမလွတ်အောင်လိုက်တတ်တယ်။ Black sheep လို့ပြောခံရအောင် mojor ရွေးတာလည်းသူများနဲ့မတူပဲ ကိုယ်နဲ့တူတာဆိုလို့တစ်ယောက်ပဲရှိတယ်။ အဲ့တစ်ယောက်ကလည်းနောက်တော့ သင်တန်းတစ်ခုကြောင့် selected ဘာသာပြောင်းသွားတော့ ကိုယ်ရွေးတဲ့ major နှစ်ခုတွဲမှာ auto roll 1 ဖြစ်သွားတယ်။ နောက်ဆုံးနှစ်ဖြစ်တာကြောင့် လုပ်ရမဲ့ ကျောင်း projects တွေအကုန်လုံးကို အရင်တုံးကလိုဝင်ပါတာမဟုတ်ပဲနဲ့ ကိုယ်တိုင် lead လုပ်ပြီးတော့လုပ်တယ်။ အဲ့လိုနဲ့ကျောင်းတတ်ရင်း၊ code ရေးရင်းနဲ့ စာမေးပွဲမဖြေခင်ညမှာ Udacity က Cloud Dev Ops Engineer Scholarship မှာ second phase ရွေးခံရတယ်။ စာမေးပွဲဖြေလို့တောင်မပြီးသေးဘူး ၃ ဘာသာပဲကျန်တော့တဲ့ အချိန်မှာ ဒီမှာ covid ပိုးစတွေ့တာနဲ့ ကျောင်းတွေအကုန် လုံးအကန့်အသက်မရှိ ပြန်ဖွင့်မဲ့ရက်မကြေညာသေးခင်အထိပိတ်သွားတယ်။ အဲ့ထဲက April တစ်လပဲနားလိုက်ရပြီးတော့ internship၊ အခြေအနေတော်တော်ပျက်နေတဲ့ project၊ scholarship တွေနဲ့နှစ်ကုန်မှန်းမသိကုန်သွားတာ နဲ့ ဒီစာတောင် အခုမှရေးဖြစ်တယ်။
နှစ်စထဲက ကတိများ
၂၀၂၀ နှစ်စထဲက CS50 ပြီးအောင်တတ်မယ်ဆိုပြီးဝယ်ထားလိုက်တာနောက်ဆုံး CS50 က ၂၀၂၁ အတွက် pre-release live တော့မှပဲ motivation ရပြီးတော့လုပ်တော့မလုပ်ဖြစ်သေးဘူး။ နောက်ဆုံး ဒီဇင်ဘာမှ စပြီးတော့ ဒီလအတွင်းမှ မပြီးရင်ဒီတစ်သက်မလုပ်တော့ဘူးဆိုတော့မှ ပြီးသွားတယ်။ ကြားထဲမှာရှည်ပြီးတော့ တခြား courses တွေသွားတတ်တာလဲပါတာပေါ့။
Rinda ကလောလောဆယ်မှာတော့ steadily grow ဖြစ်နေပြီးတော့ နောက်နှစ်မှာတော့ ကိုယ်တိုင်ပါစရာမလိုပဲနဲ့ operate လုပ်လို့ရအောင် plan ရမယ်။
အသုံး အဖြုန်း
ဒီနှစ်အတွင်း ကိုယ့်ဘာသာ motivate တဲ့အနေနဲ့ keyboard နှစ်လုံးလောက်ဝယ်လိုက်တယ် :D. နောက်ဆုံး ကိုယ်ဘာသာ ortholinear linear fan ဖြစ်မှန်းမသိဖြစ်လာတယ်။
အပေါင်းအသင်း
နှစ်စလောက်ထဲက ကိုယ့်ဘာသာအလုပ်များနေတာရယ် နှစ်လယ်လောက်မှာဖြစ်သွားတဲ့ မိသားစုပြဿနာတွေကြောင့် ကိုယ့်လက်စွဲစကားအတိုင်း စကားနဲ့ရန်ဆဲဆိုပြီးတော့ ဘယ်သူ့ကိုမှ အလုပ်ကိစ္စမရှိပဲနဲ့ စကားသွားမပြောဖြစ်ဘူး။ ကိုယ်တိုင်တောင် အလုပ်ထဲမြုတ်မှန်းမသိ မြုတ်နေတာနောက်ဆုံး English test စစ်တဲ့ tutor ပြောမှပဲ realise ဖြစ်မိတယ်။
နှစ်သစ် Plan
ဒီနှစ်တော့ မအားတဲ့ကြားက လျှောက်လိုက်တဲ့ Udacity scholar first phrase မှာ ထပ် အရွေးခံရတယ်။ scholar pressure ကဒီနှစ်တော့ပုံမှန်ဖြစ်သွားပြီ။
Comments
Post a Comment