"ခေါင်းစဉ်မြင်လိုက်လို့ မျှော်လင့်ချက်တွေ အကောင်အထည်ဖော်ဖြစ်တယ်လို့ မထင်စေချင်တာတော့ အမှန်ပဲ။"
တိုးတတ်မှုမရှိသော ကာလ
အလုပ်စလုပ်ထဲက တစ်နှစ်လုံးဘာတိုးတတ်မှုမှ မရှိဘူးလို့ခံစားမိတာ ဒီတစ်နှစ်ပဲရှိမယ်ထင်တယ်။ ကျန်တဲ့ နှစ်တွေမှာ ဘာမှတိုးတတ်မှုမရှိဘူး ဆိုရင်တောင် အနည်းဆုံးတော့ သူ့လမ်းကြောင်း အတိုင်း ဒါမှမဟုတ် အရင်က စီစဉ်ထားတာတွေက သူ့အချိန်နဲ့သူ လည်ပတ်နေတော့ အရွေ့ရှိတယ်လို့ထင်ရတယ်။ အဆိုးဆုံးကတော့ full time အလုပ်ဝင်မယ်လို့ စီစဉ်ထားပြီးတော့ စဝင်တဲ့နေ့မှာတင် အာဏာသိမ်းတာနဲ့ကွက်တိဖြစ်သွားတာပဲ။ ဒီနှစ်ထဲမှာထူးထူးခြားခြားဖြစ်မြောက်အောင် တတ်ဖြစ်တာဆိုလို့ နှစ်စက ရထားတဲ့ Udacity scholarship တစ်ခုပဲရှိတယ်။
အလွမ်း
ဒီနှစ်ထဲမှာ တိုးပြီးတော့ ရေးဖြစ်တဲ့ခေါင်းစဉ်ပဲ။ အလွမ်းဆိုလို့ သံယောဇဉ်နှောင်ကြိုးတစ်ခုခုကို လွမ်းတာမဟုတ်ပဲနဲ့ အိမ်၊ မြန်မာပြည်၊ ရန်ကုန် ကိုသတိရမိတာပဲ။ ဒါပေမဲ့လည်းဒါတွေက တစ်ချိန်မဟုတ်တစ်ချိန်တော့ဖြစ်လာမှာပဲလေ။ ဒီနေရာမှာ ပြောစရာရှိတာက ဒီလိုဖြစ်မယ်မှန်းသိရင်ဘာလို့ ထွက်လာခဲ့သေးလဲဆိုတဲ့ မေးခွန်းပဲ။ အကြောင်းကြောင်း ကြောင့် ဒီလိုကာလမှာ အခြားတစ်နေရာရောက်နေတဲ့လူတွေက ရောရောက်ချင်ပါ့မလား။ နောက်ဆုံးကုန်ကုန်ပြောရမယ်ဆိုရင် အခြားတစ်နေရာရောက်နေတဲ့လူတွေက ကိုယ့်တိုင်းပြည်မှာ အခြေအနေတစ်ခုမဟုတ် တစ်ခုရှိနေတဲ့လူတွေပဲ။
ရှင်သန်မှု
တစ်ချိန်မဟုတ် တစ်ချိန်မှာထားခဲ့ရမှာအရာတွေကို ရှင်သန်နေတုန်းမှာဘာလို့ကြိုးစားရှာနေမှာလဲ။ ဒီစကားကို လွန်ခဲ့တဲ့နှစ် တွေတုန်းက အခြားတစ်ယောက်ယောက်က ပြောရင် ဒီလူဟာ လူ့ဘဝ ကိုစိတ်ကုန်နေတဲ့လူပဲလို့ ကောက်ချက်ချခဲ့တာ အမှန်ပဲ။ အခုတော့ ကျွန်တော်ကိုယ်တိုင်တောင် ထိုင်းကိုစရောက်ထဲက တစ်လကို နှစ်ခါ ဒါမမဟုတ် တစ်ခါ အနည်းဆုံးတွေးမိနေတယ်။
ဘာဆက်လုပ်ကြမလဲ
အတတ်နိုင်ဆုံးတော့ ကိုယ့်ဘာသာကိုယ်တောင်ကြိုးစားပြီးတော့ အားပေးနေရတဲ့ကာလ မို့လို့ တစ်ခြားတစ်ယောက်ယောက်က ရင်လာဖွင့်တဲ့ အခါမျိုးမှာ အထောက်အကူဖြစ်တဲ့ စကားမျိုး ပြောမထွက်ခဲ့ဘူး။ ဒီလိုကာလမှာဖြစ်နိုင်ရင် meditation ဒါမှာ မဟုတ် စိတ်တည်ငြိမ်အောင် တစ်ခုခုလုပ်ဖို့ပဲတိုက်တွန်းချင်တယ်။
အချိန်အခါ
ဒီခေါင်းစဉ်က ပုံမှန်နှစ်တွေဆို အပေါ်ဆုံးမှာရေးလေ့ရှိပေမဲ့ ဒီတစ်နှစ်တော့ ရေးဖို့မေ့နေလို့ အရင်နှစ်က စာတချို့ ပြန်ဖတ်မိမှ ပဲထည့်ဖြစ်တယ်။ မနှစ်က Covid စဖြစ်ထဲက လူတိုင်းရဲ့ အချိန်တော်တော်များများကို ကုန်အောင်လုပ်တဲ့ ရောဂါပဲလို့ တွေးမိတယ်။ ဒီနှစ်က မြန်မာ မှာဆိုရင် အာဏာသိမ်းတာပါဖြစ်သွားတော့ မြန်မာက လူငယ်တွေအတွက် တန်ဖိုးရှိတဲ့ အချိန်တွေကုန်စေတာအမှန်ပဲ။
အလုပ်အကိုင်
အချိန်ပြည့်အလုပ်ဝင်ပြီးတော့ သိပ်မကြာခင်မှာပဲ အကြောင်းကြောင်းကြောင့် နိုင်ငံခြားသွားဖို့စီစဉ်ဖြစ်တယ်။ စီစဉ်တယ်ဆိုလို့ သေချာ အချိန်ယူပြီးလုပ်တာမဟုတ်ပဲနဲ့ ၁၂ ရက်ထဲနဲ့ ထိုင်းနိင်ငံရောက်သွားတယ်။ ကြားထဲမှာတောင် အလုပ်ပြောင်းဖြစ်တော့မလို့။ အလုပ်က ဘယ်လိုနေလဲလို့မေးရင် ပုံမှန် startup ကိုမှ နည်းနည်း အခြေကြနေပြီးတော့ decision မမှားအောင်လုပ်နေတဲ့ company ဆိုတော့ မဆိုးဘူးလို့ပြောလို့ရတယ်။
အသုံး အဖြုန်း
ဒီနှစ်က အလုပ်ဝင်ပြီးသိပ်မကြာခင် relocation လုပ်တာ၊ ဒီမှာ အခြေကြဖို့ပြင်ဆင်နေတာနဲ့ ဘာမှမယ်မယ်ရရမစုဖြစ်ဘူး။ ကြားထဲမှာ ရှည်ပြီးတော့ဝယ်လိုက်မိတာတွေကရှိသေးတော့ ပိုဆိုးသလိုဖြစ်သွားတယ်။
Comments
Post a Comment