ခေါင်းစဉ်ဖတ်လိုက်လို့ပျော်စရာတွေပဲလို့ထင်ရင်တော့ တော်တော်မှားသွားမယ်။ ဖြစ်နိုင်ရင် လူတွေနဲ့ဝေးတဲ့တစ်နေရာရာမှာ ကျောက်တုံးတစ်တုံးပဲဖြစ်ချင်တယ်။
လူမှုဘဝအခြေပြုလူသားများ
လူတိုင်းက ဘဝ တစ်ခုမှာ အဓိကနေရာက ပါဝင်ချင်ကြတာပဲ။ ဖြစ်ချင်တဲ့ဆန္ဒလေးတွေနဲ့ မာနကိုဘေးချထားလိုက်ပြီးတော့ ရောက်နေတဲ့နေရာမှာဘာမှမလုပ်ပဲနေရင် ပျင်းဖို့ကောင်းလို့နဲ့တူတယ်။ လူတိုင်းကကိုယ့်အပူနဲ့ကိုယ်ဆိုပေမဲ့ အကျိုးလိုလို့လာပတ်သက်တာကခက်များများရယ်။ ဖြစ်နိုင်ရင် အခုအဆက်အသွယ်လုပ်နေတဲ့လူတွေအကုန်လုံးကို ပြန်ပြီးသုံးသပ်ကြည့်ရင် ဘာပြောလို့ပြောရမှန်းကိုမသိဘူး။
အမှတ်တရ
ဖြစ်နိုင်ရင် ၂၀၂၂ ကို ဘဝ ထဲကဖြတ်လိုက်လို့ရရင် ဖြတ်လိုက်ချင်တယ်။ အမှတ်တရတွေလည်းရှိပေမယ့် ပင်ပန်းရတာပိုများတယ်။ အဲ့တော့အကောင်းဆုံးကတော့ ဘာမှမလုပ်ပဲနေတာပဲ။ အချိန်တန်တော့လည်း ပါသွားမှာလည်းမဟုတ်ပါဘူး။
အချိန်အခါ
တစ်ခါမှ ဘဝမှာဒီလောက်မိုက်ရှုးရဲဆန်ပြီး ဖြစ်ချင်တာကို ဆန္ဒရှေ့တန်းတင်ဖြစ်မယ်လို့မတွေးမိဘူး။ အချိန်တော့တော်တော်ဖြုန်းလိုက်မိတယ်။ အခုတော့ ဘဝနေဝင်ချိန်ကိုထိုင်စောင့်နေတဲ့လူသားတစ်ယောက်လိုဖြစ်နေပြီ။
ရှင်သန်မှု
တစ်လမှာ အများဆုံးတွေးမိတာကတော့ အသက်ရှင်နေရတာ ဘာအတွက်လဲလို့စဉ်းစားမိအောင်ကို တော်တော်ဆိုးရွားနေတယ်။ ဘဝတစ်ခုဆိုတာလည်းလွယ်လွယ်ရတာမှမဟုတ်ပဲ။
Comments
Post a Comment