တစ်နှစ်လုံး ခရီးတွေပတ်သွား စာမေးပွဲတွေပတ်ဖြေနေတာနဲ့ပဲ တစ်နှစ်လုံး review တောင်အခုမှရေးဖြစ်တယ်။ ၂၀၁၆ တုန်းကလို့ တဖြည်းဖြည်းချင်းတိုးတတ်နေတယ်ဆိုတဲ့ ခံစားမှုမျိုးရပေမဲ့ အရင်လို အတွေးအခေါ် လေ့လာနိုင်စွမ်း ပေးနိုင်တဲ့ အချိန်တွေကတော့မတူတော့တာအမှန်ပဲ။
အချိန်အခါ
အချိန်က အရင်လိုမျိုး လိုသလိုမရဘူးဆိုတော့ တော်တော်လေးကိုသိသာလာတယ်။ အများအကျိုး ပရဟိတတွေလုပ်ရင်ကို အချိန်အတိုင်းအတာတစ်ခုလောက်ကတော်တော်ကိုပေးရသလိုဖြစ်လာတယ်။ ဒီကြားထဲမှာတဖြည်းဖြည်း အချိန်မပေးဖြစ်လာတာကိုယ့်ဘာသာပဲ။ အရင်တုန်းကလောက် ကိုယ့်ဘာသာပြန်လည်စမ်းစစ်မှုမလုပ်နိုင်တော့ ဘာဖြစ်ချင်မှန်းကိုမသိ တစ်ခါတစ်ခါဖြစ်တယ်။
လေ့လာသင်ယူမှု
ဒီနှစ်ထဲတော့ cloud ဘက်ကိုပိုပြီးတော့ အချိန်ပေးလေ့လာရင်းနဲ့ CKA နဲ့ AWS တော့မယ်မယ်ရရဖြစ်လာတယ်။ နောက်နှစ်ထဲမှာတော့ ဘာဆက်ဖြစ်မယ်မှန်းမသိဘူး။ လေ့လာရင်းနဲ့ အသက်က ရလာတော့ အကုန်ဖြစ်ချင်လို့မရဘူးဆိုတာပဲ။ တစ်ခါတစ်လေ လောဘကြီးပြီးတော့ ဟိုဟာလည်းသိချင်ဒီဟာလည်းသိချင်နဲ့ ဒုက္ခရောက်မှန်းမသိရောက်နေတာတော့အမှန်ပဲ။
ဘဝ
အလုပ်တွေလုပ်ရင်း၊ ရွေ့ပြောင်းရင်း၊ ပိုက်ဆံတွေရှာရင်း၊ ပျော်ရင်ပါးရင်း၊ ခရီးတွေသွားရင် စဉ်းစားမိတာ ဒီပုံစံအတိုင်းနေရတာပျော်ရဲ့လားဆိုတာပဲ။ ၂၀၂၁ မှာ အကြောင်းအမျိုးမျိုးကြောင့်ခဏတာ သူများအလုပ်ဝင်လုပ်ရင်း အခုထိ ကိုယ်ပိုင်အလုပ်ဆိုတာဘယ်လိုမှန်းကိုမသိတော့ဘူးဖြစ်လာတယ်။ တစ်သက်လုံး ဒီလိုပဲနေသွားတော့မှာလားဆိုတော့ နှစ်ကုန်ခံနီးတိုင်း ခဏ ခဏ စဉ်းစားမိတယ်။ ဒီစာပိုဒ်ဟာ နှစ်တိုင်းဆက်တိုက်ရေးလာတဲ့ စာတွေထဲမှာ အားလုံးနဲ့ယှဉ်လိုက်ရင် ဆေးခါးကြီးတစ်ခွက်ပဲ။
ရှင်သန် နေထိုင်မှု
တစ်ခါတစ်လေဘဝမှာ ဆက်တိုက်ပျော်နေရတာတွေနဲ့ကြုံရရင် အနောက်ကနေတစ်ယောက်ယောက် ပုခုံးကိုလာပုပ်ပြီးတော့ သတိတရားဝင်ဖို့လည်းလိုတယ်။ ဒီစာကိုရေးသာရေးရတာ ရေးထားတဲ့ အဓိပ္ပာယ်ဟာ လက်ရှိရောက်နေတဲ့ အသက်ထက်ကို ၄-၅ နှစ်ပိုကြီးနေတယ်။ အရောင်အသွေးပြည့်စုံလှတဲ့လူ့ဘဝမို့ ဖြစ်နိုင်ရင် အိမ်ဆိုတာလေးကိုတော့ ပြန်ချင်မိသားလို့တွေးရင် ဆက်လက်ကြိုးစားရဦးမှာပါလား။
Comments
Post a Comment