Skip to main content

ဘဝ တစ်ဆစ်ချိုး (၂၀၁၉)


"ဘဝရဲ့ သုံးပုံမှာ တစ်ပုံ ကို ဖြတ်သန်းပြီးသွားတာရယ် ပညာရေးမှာ Degree တစ်ခုရပြီးသွားလို့ ခေါင်းစဉ်ကတော့ တစ်မျိုးဖြစ်သွားတယ်။"

အချိန်အခါ

နှစ်တိုင်းရေးနေကျ ခေါင်းစဉ်တွေအတိုင်း အစဉ်အလာမပျက်အောင် ဒီကပဲစရေးတာပေါ့။ အသက်ကလည်းနှစ်ဆယ်ကျော်ပြီးတော့ နှစ်နှစ်ထဲမှာဆိုတော့ career ပြောင်းတဲ့ ကိစ္စတွေကစဉ်းစားစရာဖြစ်လာတယ်။ ၂၀၂၀ လည်းရောက်တော့မှာဆိုတော့ အရင်နှစ်လောက်က ကြိုတင်ခန့်မှန်းထားတဲ့ ၂၀၂၀သို့ပေးစာ ဆိုတဲ့ post ထဲက အတိုင်းတော်တော်များများဟာဖြစ်လာတယ်။ အဲ့ထဲကမှ မဖြစ်နိုင်တော့ ဘူးလို့သံသယဝင်မိတာကတော့ ၃၀ မှာ retire မယ်ဆိုတာပဲ။ စဉ်းစားကြည့်ရင်တော့တော်တော်မလွယ်တဲ့ ကိစ္စပဲ။ ဒီလကုန်ပိုင်းမှာတောင် အလုပ်တွေများလာမှာရယ် scholar တစ်ခုကိုပြီးအောင်တတ်ချင်တာကြောင့် ဒီစာကိုတောင်အချိန်လုပြီးကြိုရေးလိုက်ရတယ်။

သေလုမြောပါး projects များ

ဒီနှစ်အတွင်းများ projects တွေက ကိုယ့်နာမည်နဲ့ကော ရုံးနာမည်နဲ့ကော အသိတွေကညွှန်းတာတွေနဲ့ တော်တော်ကိုများတယ်လို့ပြောရမယ်။ များတာမှ မှတ်မှတ်ရရဆိုရင် မေလ လောက်တုန်းက projects ၂ ခုကို အပြီးဆိုပြီးရေးလိုက်တာ သေခါနီးဖြစ်သွားတော့ နည်းနည်းတောင်လန့်သွားတယ်။ တော်ကြာ ဂန့်သွားမှဖြင့် code ရေးရင်သေတဲ့ လူဆိုပြီး မြန်မာနိုင်ငံမှာ သေပြီးမှနာမည်ကြီးနေဦးမယ်။ projects တွေကများတယ်သာပြောတာ ဘာမှန်းမသိလိုက်ရတဲ့ projects တွေလဲရှိတယ်။ ဒါတောင်မှ private university ကပြီးသွားလို့တော်သေးတယ်ပြောရမယ်။ ကိုယ်ပဲသေလုမြောပါးဖြစ်တာလားဆိုတော့ မဟုတ်ဘူး ကိုယ့်ဆီကိုယ်ရောက်လာတဲ့ projects လေးတွေကလည်း ရှေ့ကလူတွေလုပ်သွားလို့ သေခါနီးလေးတွေ တော်တော်ဆိုးတဲ့ IT fields ကလူတွေလို့တောင်တွေးမိတယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နောက်မှ ပဲစာသက်သက်ရေးမယ်တွေးထားတာ မအားတာနဲ့ ပြီးအောင်မရေးဖြစ်ဘူး။

စာ အရေးနည်းလာသောကျွန်တော်

တစ်နှစ်လုံးကိုမအားတာရယ် ရေးရင်လည်း ကိုယ့်ကိုယ်ပြန်ဖတ်ရင်တော် အကျိုးရှိအောင်ပဲရေးချင်တော့ သိပ်မရေးဖြစ်ဘူး။ အရင်တုန်းကဆိုရင် တစ်နှစ်နဲ့ တစ်နှစ်ကြားထဲမှာ posts တွေတော်တော်ခြားတယ်။ အခုတော့ ၂၀၁၈ က စာနဲ့အတော်လေးကပ်တယ်လို့တော်ပြောလို့ရတယ်။ ဒီနှစ်မှာ နောင်တအရဆုံးကတော့ နှစ်စပိုင်းမှာ နောက်ပိုင်း game မဆော့ရတော့ဘူးဆိုတဲ့စိတ်နဲ့ MMORPG တွေဆော့လိုက်မိတာပဲ။ အချိန်ဖြုန်းမိတယ်လို့တောင်တွေးမိတယ်။
မနှစ်ကတော့ လူအသစ်တစ်ယောက် join လာပေမဲ့ team နဲ့အဆင်မပြေတာနဲ့ ပြန်ထွက်သွားတယ်။ ဒီနှစ်ထဲမှာတော့ အသိတွေထဲကပဲ နှစ်ယောက် ထပ် join လာတယ်။ Rinda ဆိုတဲ့ နာမည်ကိုပေးခဲ့တာ ဒီနှစ်ထဲမှာဆိုရင် ၃ နှစ်တောင်ကျော်ပြီလို့ပြောလို့ရတယ်။ အရင်တုန်းကဆိုရင် study abroad ဒါမှမဟုတ် work abroad လုပ်မယ်ဆိုရင် အဆင်ပြေပေမဲ့ အခုက ကိုယ့်ကိုယုံပြီးတော့ ရောက်နေတဲ့ လူ ၈ ယောက်ကိုကြည့်ရသေးတယ်။ ဆုံးဖြတ်ချက်တစ်ခုမှားသွားတာနဲ့ startup ဆိုတာ ကြက်ဥတစ်လုံးထက် ကွဲဖို့ပိုလွယ်မှန်း ကိုယ့်ရှေ့ကလူတွေကလည်း သက်သေပြထားတာဆိုတော့ တစ်ခုခုဆိုတော်တော်စဉ်းစားရတယ်။

အသုံး အဖြုန်း

ဒီနှစ်အတွင်းတစ်ခုခုဝယ်မယ်ဆိုတာနဲ့ ဖြတ်ခနဲဝယ်ဖြစ်တာတော်တော်ဆိုးတယ်လို့ပြောရမယ်။ ပစ္စည်းတစ်ခုကို ဝယ်ဖို့ ၁၅ မိနစ်ထပ်ပိုပြီးတော့ မစဉ်းစားဘူး။ ဒါတောင်မှကြားထဲကတစ်ယောက်ယောက်တားမှ ပြန်စဉ်းစားဖြစ်တယ်။ ဝယ်ဖြစ်တာဆို  digital contents တွေကော online courses တွေကော တော်တော်များတယ်ပြောရမယ်။ အဆိုးဆုံးကတော့ keyboards တွေပဲ ဒီနှစ်ထဲမှာ  keyboards တွေဝယ်ဖြစ်တာ apple ကြောင့်လဲပါတယ် laptop ကမဝယ်ရသေးဘူး keyboard တစ်ခုခုဖြစ်မှာစိုးလို့ ကြိုဝယ်ထားတဲ့ keyboard က ၅ လုံးလောက်ဖြစ်နေပြီ။

ငြိမ်းချမ်းရေး plan

အသက် ကလည်း အရွယ်တစ်ခုရောက်လာပြီဆိုတော့ ရန်မများတာကောင်းတယ်။ နောက်ပိုင်းတစ်ချိန်ချိန်မှာပြန်တွေ့ရင် မျက်နှာချင်း မဆိုင်ရဲမဲ့ကိစ္စတွေကိုဆို မလုပ်ချင်ဘူး။ ပြဿနာတစ်ခုခုဖြစ်လာရင် စိတ်ထဲမထားပဲချက်ခြင်း ရှင်းတယ်။ အဓိက ကတော့ ဒီနှစ်လယ်ပိုင်းလောက်မှာ private တက္ကသိုလ်က ကိုယ့်ကိုသင်ပေးတဲ့ ဆရာဆုံးသွားတော့ တော်တော်လေး သံဝေဂ ရသွားတယ်။

နှစ်သစ် Plan

မနှစ်က nano degree တတ်မယ် စဉ်းစားထားတာ ဒီနှစ်တော့ scholar first phrase မှာ အရွေးခံရတယ်။ scholar pressure ကလည်းတော်တော်ဆိုးတယ်ပြောရမယ် lose မဖြစ်အောင် အချိန်မနည်းပေးရတယ်။




Comments